♣ ဒီလူ(တောင်တွင်းကြီး)ကဗျာရှိုးမှလှိုက်လှဲစွာကြိုဆိုပါ၏ ♣
ေ ခ တ် ကြီးေ ပါ် မှာ ခု န် ဆွ ခု န် ဆွ ဖြ စ်ေ န တဲ့ ` စိ တ် ´ ဟာ ငါ့ က ဗျာ ပဲ ။ဒီလူ(တောင်တွင်းကြီး)
Thursday, October 27, 2011
!!! ငါတို့ပြောတဲ့ ဝေးကွာခြင်း !!! @ ဒီလူ^^လင်းလက်ကြယ်^^နှိုင်းမရ @
လင်းလက်ကြယ်
မတွေ့ရခြင်း နဲ့ သတိရခြင်းကို အချိုးကျပေါင်းစပ်လိုက်ရင်
ထွက်ကျလာမယ့် ဝေါဟာရ က အလွမ်းဖြစ်နေမယ်ဆိုရင်
ချစ်သူနဲ့ ထိတွေ့ခြင်း သာယာခြင်းမရှိတဲ့ ငါက
နတ်ဆိုး တစ်ကောင်များဖြစ်နေမလား
ဝေးကွားခြင်း နဲ့ မဆုံနိုင်ခြင်းကို ရောကျိုလို့
ထွက်ကျလာမဲ့ ပေါင်းခံရေက မျက်ရည်ဖြစ်နေမယ်ဆိုရင်
ငါ့မျက်လုံးက ပြောတယ် ပြုံးနေတဲ့ နှုတ်ခမ်းတစ်စုံက
အရမ်းပျော်နေပုံရတယ်တဲ့ 
ကွဲအက်နေတဲ့  ငါ့နှလုံးသားက နှစ်သိမ့်တယ်
သူလည်း ဟန်ဆောင်နေတာပါတဲ့
ကဲ......ဘယ်လိုလုပ်ကြမလဲ  ဝေးကွာခြင်းက ငါ့ခန္ဓာကိုယ်က
ခံစားနိုင်တဲ့ အစိတ်အပိုင်း အားလုံးကို နာကျင်စေတာ
မင်းသိနိုင်မှာလား ချစ်သူ.......
ဒီလူ(တောင်တွင်းကြီး)
ဝေးကွာခြင်းဆိုတဲ့သက္ကရာဇ်က
နေ့ရက်တွေကိုစားသုံး
အလွမ်းဆိုတဲ့ငနဲက
ငါ့ညရေးညတာတွေကိုနှောက်ယှက်နေတယ်
ဝေကွာခြင်းအစိတ်အပိုင်းတွေမှာ
လွမ်းဆွတ်မူတွေကနေရာယူလွန်းနေတယ်
လောလောလတ်လတ်ထွက်ကျလာတဲ့အလွမ်းတွေကို
ဘယ်နေရာမှာထုပ်ပိုးသိမ်းဆည်းရမှာလဲ
ရင်ဘတ်ကြီးတစ်ခုလုံးလဲလေးလံနေပြီ
သွေးလည်ပတ်မူ့မရှိတဲ့ဝေးကွာခြင်းကို
အလွမ်းနဲ့လက်ဆုပ်လက်ကိုင်ပြရမှာလား
အချစ်နဲ့အမုန်းကအမြင်စောင်းနေသလောက်
ဝေကွာခြင်းနဲ့လွမ်းဆွတ်ခြင်းကပုခုံးဖက်ပေါင်းနေတာ
သိပ်ကြည့်လို့မရတော့ဘူး.......
နှိုင်းမရ
ဒီမှာ ဒီလူ မေးပါဦးမယ်
ဝေးကွာလို့လွမ်းတာလား လွမ်းလို့ဝေးကွာတာလား
မင်းမမြင်နိုင်ခဲ့တာလား
ငါလဲသေချာတော့မသိသေးဘူး
အလွမ်းဆိုတဲ့ငနဲက
ငါ့ရင်ဘတ်ကိုဆောင့်ဆောင့်ကန်နေတယ်
လောကဓံရဲ့ ရိုက်ပုတ်ခြင်းမှာ
ငါ့ကိုငါချကျွေး မီးလျှံတွေနဲ့ငါ့ရင်ကို
မင်းမမြင်နိုင်တာလား.....
ဟေ့ကောင် လင်းလက် မင်းလိုက်မှာလား
ဝေးကွာခြင်းကိုနားရင်းသွားရိုက်မလို့
ငါ့လွမ်းခြင်းကို ကံကြမ္မာရဲ့ရိုက်ချက်က
နတ်ဆိုးတစ်ကောင်ထက်ပြင်းတယ်
မင်းတို့လွမ်းသလိုငါလွမ်းတယ်
မင်းတို့ဝေးကွာသလိုငါလဲနီးစပ်မနေခဲ့ဘူး ။    ။
ဒီလူ လင်းလက်ကြယ် နှိုင်းမရ
## ၂၀-ရာစုလွန်အချစ်ကဒီလိုတွေဖြစ်ကုန်ကြပြီထင်တယ် ##
အချစ်က...
ဂျော်ဒန်နိုးဝမ်းဆက်မြင်ရင်မျက်လုံးတွေအရောင်လင်းလက်လို့
ဘ၀ရှေ့ရေးတွေးရင်သွေးဆုတ်လေဖြန်းသွားတတ်တဲ့ရေဂါ
အချစ်က...
စိန်နားကပ်ပန်ချင်သလို ဇိမ်ခံကားအကောင်းစားလဲစီးချင်ပြန်ရဲ့
စံပါယ်ပန်းပန်ပြီး ဆိုက်ကားမစီးချင်ဘူး
အချစ်က...
ကွန်ဒိုတိုက်ခန်းနဲ့နေချင်သလို အဲကွန်းဖွင့်ပြီးဇိမ်ခံချင်တယ်
တဲကုတ်မှာနေပြီး ပဲပြုတ်မစားချင်ဘူး
၂၀ ရာစုလွန်အချစ်က
ထမင်းမစားဘူး ဒေါ်လာစားတယ်
လမ်းမလျှောက်ဘူး ကားစီးတယ်
ပန်းမပန်ဘူး စိန်နားကပ်ပန်တယ်
၂၀ရာစုလွန်အချစ်မှာ
သစ္စာတရားဟာ ပဋိသန္ဒေကာကွယ်ဆေးလို သုံးလပဲအာမခံတယ်
ဖက်ရှင်ပစ္စည်းနဲ့ ပိုက်ဆံမက်ခြင်းကိစ္စမှာ
အချစ်တွေရဲ့ဗီဇစိတ်ကတစ်ပုံစံတည်း
သြော်.... အချစ်... အချစ်...အချစ်
မင်းတို့လဲခေတ်ကာလဆိုတာကြီးကို
အမှီလိုက်နိုင်သားပဲ  ။     ။
ဒီလူ(တောင်တွင်းကြီး)
မှတ်ချက် ။  ။ အားလုံးကိုမဆိုလိုပါ အများစုကိုသာဆိုလိုပါသည်
*** အဆော့လွန်တဲ့ ကဗျာ ***
မနက်ခင်းက မိရိုးဖလာအတိုင်း
တစ်နေ့တာအသက်ရှင်ခြင်းရဲ့ ပထမစာမျက်နှာ
ငါ့တစ်နေ့တာကိုပြန်တီးခတ်ကြည့်တော့
မင်းကိုသတိရတဲ့သံစဉ်တွေပဲထွက်လာတယ်
မင်းက…
ငါအသစ်မက်မိတဲ့အိပ်မက်
ငါအသစ်တွေ့ထားတဲ့ကမ္ဘာ
ငါက…
ဆံပင်ပုံစံပျက်ရင်တောင်ကမ္ဘာပျက်မတတ်ခံစားတတ်သူ
သစ်ရွက်ကြွေှ့ရင်တောင်ဝမ်းနည်းစိတ်နဲ့မီးလောင်လွယ်သူ
င့ါအနားမှာမင်းမရှိတဲ့အခါ
ငါ့ကိုယ်ငါတောင်ဘယ်လိုအထူးပြုရမလဲမသိဘူး
 ငါတို့အနမ်းနဲ့ပွင့်တဲ့ပန်း
ငါတို့အပြင်ဘယ်သူမှမသိတဲ့ချစ်ခြင်းသစ္စာတွေနဲ့
ငါတို့အိပ်မက်တွေလဲရွှေအဆင်းနဲ့လင်းအုန်းမှာပါ
ခုတော့ ….
ဝေးနေရအုန်းမှာပေါ့
ငါ့ခံစားချက်အကုန်လုံးသာဖွင့်အန်ချလိုက်ရင်
ကမ္ဘာကြီးတစ်ခုလုံးတောင်မီးလောင်ပြာနှမ်းသွားအုန်းမယ်
မယုံရင်
ဘယ်မိုးကို ဘယ်အငြိုးနဲ့ရွှာပြရမလဲ
ဒီကဗျာကိုဘယ်ရှိုးမှာသွားခင်းကျင်းရမလဲ
စကားလုံးအဆော့လွန်
ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတဲ့ကဗျာ
ဒီရှိုးအတွက်ခင်းကျင်းလိုက်တယ် ။ ။
ဒီလူ(တောင်တွင်းကြီး)
မှတ်ချက်။ ။ဖော်အဲဗား ဆိုဒ်ရဲ့ကဗျာရှိုးပွဲအတွက်ရေးတင်ဖြစ်တဲ့ကဗျာလေးပါ
Wednesday, October 26, 2011
@@@ ဘိုင့်... ဘိုင် @@@
ကိုယ့်သမာဓိနဲ့ကိုနေပါ
ငါ့အတ္တကလဲမင်းမာနထက်တော့မလျှော့ဘူး
သင်မကောင်းလို့ကျွှန်ုပ်ဆိုးခဲ့တယ်
ဒါကလဲ
ပုတုဇဉ်ပီသချင်လို့လေ
မကောင်းတဲ့အနံ့အသက်တချို့
ငါ့နှာခေါင်းကိုဝင်ဝင်ဆောင့်ပေမဲ့
မင်းကောင်းသေးလို့ ငါမဖောင်းသေးဘူး
ခုတလော
သာပေါင်းညာစားတွေသိပ်ခေတ်စားတာပဲ
ပြောတိုင်းယုံရအောင် ငါကပုတ်သင်ညိုမှမဟုတ်တာ
ခွေးတစ်ကောင်ကိုသတ်ဖို့
နှူးကလီးယား လက်နက်မလိုဘူးလေ
မင်းသွေးကတစ်နာရီကိုဘယ်နှစ်မိုင်နှုန်းနဲ့စီးဆင်းနေလို့လဲ
မှားခဲ့ဖူးတဲ့အမာရွှတ်တွေကိုရေခဲရိုက်ပြီးသိမ်းထားလိုက်မယ်
အများကြီးမပြောတော့ပါဘူး
ပတ်သက်ခဲ့ဘူးတာတွေကို ဒီကဗျာနဲ့ပဲ
ငါ့အဘိဓါန်ထဲက ဆွဲထုတ်လိုက်ပြီ
ဘိုင်.........။     ။
ဒီလူ(တောင်တွင်းကြီး)
မှတ်ချက် ။  ။ အလိုရှိတုန်းကခင်ပါတယ်ဆိုပြီးအလိုမရှိတော့လို့မခင်တော့တဲ့သူငယ်ချင်းတစ်ယောက်အတွက်ပါ
!!! ငါယုံတတ်တယ် ငါ့ကိုလိမ်ပါ !!!
စေတနာဆိုတာရောင်ပြန်ဟပ်တယ်ဆိုတဲ့
လှောင်ပြုံးတစ်ခုကြောင့်ငါမီးလောင်သွားတယ်
ဒါဟာလဲမရှိမဲ့ရှိမဲ့မာယာတွေနဲ့သူဇတ်သူရေးနေတာ
ထားခဲ့ဘူးတဲ့သံယောဇဉ်တွေလဲတစ်နပ်ပြီးတစ်နပ်
ငါပိုင်တာတွေသူတို့အကုန်ယူသွားတယ်
ခင်ဗျာလဲတစ်နေ့တော့သိမှာပါ
.........စသည်ဖြင့်တွေကိုရောပေါ့
ကြွပ်ကြွှပ်အိပ်တွေနဲ့အတူငါလဲဆွေးမြေ့ဖို့ခဲယဉ်းတယ်
ဒီကိစ္စတွေက ကိုယ့်ကိုကိုယ်ပြန်ညစ်ညမ်းဖို့အတွက်
ဖြစ်လာတာလားဆိုပြီးနှဖူးပေါ်ပဲလက်တင်မိတယ်
ဘာမှတော့မဟုတ်လောက်ပါဘူး
" ဘ၀ " ထဲကမသင်ရသေးတဲ့
သင်ခန်းစာအသစ်တစ်ပုဒ်လောက်ပဲဖြစ်မှာပါ...
နောက်ကျောကိုထိုးတဲ့ဓားဒဏ်ရာလောက်နဲ့တော့
သေဆုံးလို့ဘယ်ဖြစ်အုန်းမလဲ
ပြောသွားတာကတော့ ပြေးသွားသလိုပဲ ဖြောင့်လို့
သူလိုငါလိုလူတွေကြား
ဘာကောင်တွေထပ်ပေါ်လာအုန်းမလဲစောင့်နေသေးတယ်
အေးဆေးပါ ငါလဲရင့်ကျက်သင့်သလောက်ရင့်ကျက်နေပြီပဲ
မယုံရဘူးဆိုတဲ့စကားကငါကိုမျက်စိတစ်ဖက်မှိတ်ပြတယ်
တစ်ခုတော့ပြောခဲ့မယ်
**  ငါယုံတတ်တယ် ငါ့ကိုလိမ်ပါ  ** ။    ။
ဒီလူ(တောင်တွင်းကြီး)
*#* မှတ်ချက် *#*
မှတ်ချက်
ကဗျာထဲကိုဝင်မလာရ
လမ်းလွဲမှာမောင်းပါ...
ဒီအတိုင်းမထားခဲ့ပါနှင့်
အတိတ်တွေကိုခေါက်ပြီးသိမ်းထားရတာ
ပျင်းခြောက်ခြောက်နဲ့...
မှတ်ချက်
အယူဝါဒကြိုးတွေနဲ့မချဉ်နှောင်ပါနဲ့
မျက်နှာလွှဲပြီးခဲနဲ့ပစ်မှတော့ဘယ်သူ့မှန်မှန်ပေါ့
ဒုတ်ထိုးအိုးပေါက်ကိုယ်ကျင့်တရားတွေ
ဘယ်ရောက်သွားပြီလဲ
ခင်ဗျားတို့မကောင်းဆိုးရွှားကိုမြင်ဘူးကြလား
မမြင်ဘူးရင်ရှေ့ကအခန်းထဲဝင်ကြည့်လိုက်
မကောင်းဆိုးရွှားတွေရဲ့မကောင်းကြောင်းကို
ရှင်းပြနေတယ်...။   ။
ဒီလူ(တောင်တွင်းကြီး)
*#* အော်...ခက်တော့နေပြီ *#*
ဝေးးးးးးးးးးးးဘာတွေလုပ်နေ
အော်ဘာလုပ်ရမှာလဲ
နေ့တွေကိုစားသုံးပြီး
ညတွေအိတ်ထဲထိုးထဲ့နေတာပေါ့ကွ
ဟိုးးးးးးးးးးးးးးးးးနေအုန်း
အာဘာလဲကွာမစောင့်နိုင်ဘူး
ငါ့နောက်မှာအတိတ်တွေပြေးလိုက်လာလို့
ဟိုးးးးးးမှာကြည့်စမ်း
ဟာာာာာာာမကြည့်နိုင်သေးဘူးကွာ
လူပီသကြောင်းထောက်ခံစာ လိုနေသေးလို့
သွားတော့ကွာာာာာာာာ
ဘာလဲ ဘယ်ကိုသွားရမှာလဲ
စိတ်တော့မရှိနဲ့ဒီနေရာမှာ
ငါနေသားတကျဖြစ်နေပြီ....
ဒါဆိုဆင်းတော့ကွာ
အော်ခက်တော့နေပြီ
အပေါ်ကလူကအောက်ကလူကိုဆင်းတော့တဲ့ ။   ။
ဒီလူ(တောင်တွင်းကြီး)
*#* အချစ်ဟုခေါ်သည် *#*
တိမ်တိုက်လိုနေ့စွဲများ
မြင်မြင်သမျှအပြာရောင်များ
ဟိုဒီသွားနေတဲ့ပိုးမွှားများ
အနံ့ခံကောင်းတဲ့ နှာခေါင်းများ
ငါ့နာရီကိုတော့ ၅ မိနစ်မြန်ထားတယ်
မှတ်မိသမျှ အမှား တွေနဲ့
မကြာသေးမှီကနောင်တကို
ရေစီးသန်တဲ့မြစ်ထဲ မျှောချလိုက်ပြီ
မမြင်ရသေးတဲ့မနက်ဖြန်တွေအတွက်လဲ
အားမလျှော့နိုင်ဘူး
မင်းရဲ့အဆုံးအဖြတ် ဂိုး ကို
နောက်ဆုံးမိနစ်အထိမျှော်လင့်နေမယ်
မနာခံတတ်တဲ့စိတ်ဓါတ်တွေနဲ့
ပင်လယ်ပြင်မှာရေငတ်နေပြီ
ခဏတာသေဆုံးခွင့်ပေးပါ။ ။
ဒီလူ(တောင်တွင်းကြီး)
*#* ဘာမှေ၇းမထားဘူး *#*
ဒီစာမျက်နှာမှာဘာမှရေးမထားပါ
                   အလွမ်းတွေအက္ခရာစဉ်မထားသလို
အချစ်တွေလဲဖျက်ကာပြင်မထားဘူး
                   အမုန်းတွေတွက်ကာပြင်မထားသလို
အနမ်းတွေခက်တာတင်မထားဘူးးး
                            ဒီစာမျက်နှာမှာဘာမှရေးမထားဘူး
ဒီစာမျက်နှာမှာအချစ်တွေမရှိဘူး
    အမုန်းတွေမရှိဘူး
        မာနတရားမရှိဘူး
           လောဘ ဒေါသမရှိဘူး
                ကျော်ကြားမူတွေမရှိဘူး
                        ဂုဏ်ပကာသနမရှိဘူး
                              ယုံကြည်မူတွေမရှိဘူး
                                   ခင်မင်မူတွေမရှိဘူး
                                                   သူငယ်ချင်းတွေမရှိဘူး
                                                        ဒီစာမျက်နှာမှာ ဒီလူဘာမှရေးမထားဘူးးးးးးးးးးးးးးးးး။ ။
                                                           ဒီလူ(တောင်တွင်းကြီး)
မှတ်ချက်။ ။ဘာမှရေးမထားပါဘူးဆိုဘာလို့လာဖတ်ကြတာလဲ…
လာဖတ်၇တဲ့အကြောင်းလေးcommentရေးခဲ့ပေးပါ….:P :P :P
*#* ၁၅၀၀ error *#*
  • ခေါင်းစားတယ်...
  • ပတ်သက်ဖူးသမျှ၁၅၀၀တွေလဲ
  • error တွေပဲပြပြနေတယ်
  • ၅၂၈ ကလည်းအနားမှာမရှိဘူး၊
  • ကိုယ်စောင့်နတ်ကလည်းအိပ်ယာမထသေးဘူး
  • နှလုံးသား folder လည်း virus ကိုက်သွားပြီ
  • သက်ပျင်းတွေပဲချချနေရတယ်...
  • ကဗျာကောင်းကောင်းတစ်ပုဒ်ရေးဖို့
  • ဦးနှောက်နဲ့ရင်ဘတ်ကို
  • Network မချိတ်ရသေးဘူး
  • ဒိတ်အောက်နေတဲ့ငါ့ရင်ဘတ်ကြီးကိုလည်း
  • update ပြန်လုပ်ရအုန်းမယ်...
  • သိုးရေခြုံတဲ့ဝံပုလွေတွေငါ့နားမလာနဲ့
  • အနာဂတ်ကိုကြည့်ဖို့
  • ပစ္စုပန်ကိုမျက်မှန်တတ်ပေးလိုက်ပြီ
  • ဒီကဗျာ ဒီမှာပဲ ပုဒ်မချလိုက်ပြီ ။ ။
  • ဒီလူ(တောင်တွင်းကြီး)
*#* အမှား *#*
နင်ရက်စက်တာမဟုတ်ပါဘူး
ငါကိုကမိုက်မဲ ခဲ့တာပါ
နင်ထားခဲ့တာမဟုတ်ပါဘူး
ငါကို
က
ရှောင်လွှဲ
ခဲ့
တာပါ
အမြင်မှားခဲ့တာမဟုတ်ပါဘူး
နင်ထားခဲ့တာပါ....
မိုက်မဲခဲ့တာမဟုတ်ပါဘူး
နင်ရက်စက်တာပါ...
မင်း
မှန်ပါတယ်
ချစ်သူ
ငါ
မှား
ခဲ့
ပါ
ဘူး...။ ။
ဒီလူ(တောင်တွင်းကြီး)
*#* ဆရာကောင်ဖတ်ဖို့ *#*
ခုတလော လေထုတွေ
မသန့်စင်ဘူး
ပတ်ဝန်းကျင်ကလဲ
မှုန်ကုတ်ကုတ်နဲ့
ကိုယ်တိုင်မလုပ်နိုင်တဲ့ ဘ၀ တွေနဲ့
သူများတွေကို ပစ်ပစ်ပေါက်နေတယ်
ကိုယ့်ဒူးကိုမချွန်ပဲ သူများတကာကို
ဒူးချွန်ခိုင်းနေရဲ့…
မာနဓါတ်ခံနဲ့မာန်တွေအတွက်
ငါကတော့ ဟာသဆန်ဆန်ရယ်နေလိုက်မယ်
အတုပေးပြီးအစစ်လိုချင်တာတော့
လောဘကြီးရာများကြနေမလားလို့
အားနာတတ်တဲ့ လိုက်လျှောမှုတွေအတွက်
လူအ တစ်ယောက်တော့အဖြစ်မခံနိုင်ဘူး
နံရံနဲ့ခေါင်းနဲ့တော့မစောင့်ဘူး
ခေါင်းခေါင်းချင်းကတော့ရိုက်ပါခွဲတယ်
စိတ်တော့မရှိနဲ့
ဆရာအထာတွေကြည့်မရတတ်တာ
မွေးရာပါ ဗီဇတစ်ခုဖြစ်နေလို့…။  ။
ဒီလူ(တောင်တွင်းကြီး)
@ ဘာအဓိပ္ပာယ်မှမရှိဘူး @
  အောင်မယ်အောင်မယ်
ငါ့ကိုများစွတ်စွတ်ဆွဲဆွဲ
မင်းတောင်းတလွန်းလို့ငါကိုယ်ထင်ပြရတာကွ
မင်းဘာမင်းမစင်စွန့်ချင်တဲ့နေရာစွန့်
ဝမ်းရောဂါဖြစ်တာ
ငါနဲ့
ဘာဆိုင်လဲ
ငါနဲ့
ဘာာာာာာာာာဆိုင်လဲ
မှတ်ချက် ။ ။ ဘာမှမဆိုင်ပဲ ဆိုင်တယ်ထင်နေသူများအတွက်
****************************************************************************************************************************
ဝုန်းဒိုင်းကျဲဒိုင်ယာရီ
ပိုးဆိုးပက်စက် အလွမ်း
မသေမရှင် ရင်ခုန်သံ
ပိုလီယို အနမ်း
ယိုင်နဲ့နဲ့ အချစ်
ထော်လော်ကန့်လန့်အမုန်း
ကိုးလိုးကန့်လန့် အကြည့်
မမြင်မကန်း သံယောဇဉ်
လတ်တလော နှောင်ကြိုး
ပိစိကွေး နောင်တ
ပေါ့ပျက်ပျက်သစ္စာ
ဘာညာသာသကာ မေတ္တာ
အလေအလွင့်နားလည်မှု့
အပေအတေ တွေ့ဆုံခြင်း
ကတိုက်ကရိုက် အာဘွား
************************************************************************************************
အော်အင်း ဟုတ်တယ်
ဟုတ်တယ်ဆိုတာ မဟုတ်ဘူးလေ
မဟုတ်ဘူးဆိုတာကမှဟုတ်တာ
ဟုတ်တာဆိုတာမဟုတ်တာပြောတာ နော်
အဲဒါကဘာလဲ မသိပါဘူးဆို
သိတယ်တဲ့
မသိတာကိုသိရအောင် သိတာကိုမှမသိတာ
မှတ်ချက် ။  ။ တခါတစ်လေအဓိပ္ပာယ်မရှိတာတွေက အဓိပ္ပာယ်ပိုရှိနေတတ်တယ်
သူငယ်ချင်းအားလုံးကိုလေးစားချစ်ခင်လျှက်
ဒီလူ(တောင်တွင်းကြီး)
***********************************************************************************************************************
*!!! * ဒါ - ကဗျာကွ *!!!*
ခုတလောသတိမရစရာတွေ
မေ့မေ့နေတယ်...
မနေ့ကစားသုံးခဲ့တဲ့ညတွေ
ဒီနေ့ဘာအရသာရှိမှန်းမသိတော့ဘူး
မနက်ခင်းတစ်ခုတတော့မိန့်မိန့်ကြီးပြုံးလို့
ပြုံးမနေနဲ့မနက်ခင်းရေ ...
မင်းလဲမကြာခင်အတိတ်ဖြစ်တော့မယ်ဆိုတာသိထား
ဘာပဲပြောပြော
ငါကတော့ အတိတ်ထက် အနာဂတ်ကို ပိုရင်ခုန်တယ်
အရှုံး နဲ့ အမုန်း ဘယ်ဟာပိုခါးလဲမမေးနဲ့
ငါ့မှာလုံလောက်တဲ့သက်သေပြချက်မရှိဘူး
ဟော ဘယ်လိုဖြစ်တာလဲ
ဒီနေ့မှဒီနေ့ကမနေ့ကထက်ပိုသာယာပြနေတယ်
ဘာမှမသိချင်ပါဘူးဆို
ငါ့ကဗျာက ဘာတွေလာလာပြောနေမှန်းမသိဘူး
ဟိုက် ခုမှသတိထားမိတယ်...
စကားလုံးအဟောင်းတွေက ဟိုချောင်ကပ်ဒီချောင်ကပ်
ရှာတွေ့ခဲ့သမျှ ဝေါဟာရ တွေလဲဖုံအထပ်ထပ်
မနေ့ကစကားလုံးတွေ ဒီနေ့သစ်မှမသစ်တော့ပဲ
ဘာပဲဖြစ်ဖြစ် နောက်နေ့မတိုင်ခင်
ငါ့ အသုံးအနှုန်းတွေ သစ်လွင်ပြီး
ဒီနေ့စာတော့ တောက်ပနေအုန်းမယ်ထင်ရဲ့
ဘယ်တတ်နိုင်မလဲ
လက်လှမ်းမှီသမျှဝေါဟာရတွေသွန်ချ
ဒါကဗျာကွ လို့ပဲပြောရတော့မှာပေါ့ ။ ။
ဒီလူ(တောင်တွင်းကြီး)
မှတ်ချက် ။  ။ အလုပ်ကလေးနဲနဲများချင်ယောင်ဆောင်နေတာနဲ့ဖော်အဲဗားရွှာထဲလဲသိပ်မရောက်ဖြစ်
ကဗျာတွေရေးဖို့ကျတော့လဲ စကားလုံးတွေတုတူပုန်းနေတာနဲ့
အားသလိုလိုရှိတဲ့ဒီနေ့လေးမှာလက်လှမ်းမှီသမျှဝေါဟာလေးတွေကိုအတင်းလိုက်ဖမ်းပြီး
တင်ဆက်လိုက်တယ်...
ဒါ ကဗျာကွ!!!
ဒါ ကဗျာကွ!!!
ဒါကိုကဗျာလို့ပြောတယ်
ငါ့မှာသက်သေပြစရာမရှိဘူးးးးးးး
သူငယ်ချင်းအားလုံးကိုလေးစားချစ်ခင်လျှက်
ဒီလူ(တောင်တွင်းကြီး)
** အသက်ရူမ၀တဲ့ ကဗျာ **
** အသက်ရူမ၀တဲ့ကဗျာ **
နေလုံးကြီးမြောက်တက်လာပြီး
ဘ၀တွေ တစ်ပြုံတစ်မကြီး
အနားက ၀ှီးးးး ကနဲဖြတ်ကျော်သွားတော့မှ
အသက်၀၀ရူဖို့သတိရတယ်..
အဲတော့မှ
ခေါင်းကိုအသာမော့
ရင်ကိုလဲကော့ပစ်လိုက်တယ်…
ဒီနေ့ကျမှကပ်သီးကပ်သပ်
မျှော်တလင့်လင့်နေ့ရက်တွေက
ဟိုချောင်ကပ်ဒီချောင်ကပ်
နှုတ်ခမ်းအစုံကလဲ တရွရွ…
စိတ် ကိုဧ၀ရက်တောင်ကြီးကတက်ဖိထားတယ်..
ရပ်နေသင့်သလား
ဆက်လျှောက်သွားရမလား
မေးခွန်းသံကအဖျားခတ်တုန်ခါသွားးးးသလိုလို..
စိုက်ကြည့်မိတဲ့ စကားသံတွေ
အဖတ်လိုက်အဖတ်လိုက်ကွာကျ…
နှင်းပဲရွှာရတော့မလို
မိုးပဲကျရတော့မလိုလို…
ဘာလိုလို ညာလိုလိုနဲ့ပဲ
ဘယ်သူ့ကိုမှဂရုတစိုက်စောင့်မနေတတ်တဲ့
အချိန်တွေက ဖျတ်ကနဲတောင်လှည့်မကြည့်ဘူး
ကဲ ဒီလူ
မင်းဘာလုပ်မှာလဲ …. ။  ။
ဒီလူ(တောင်တွင်းကြီး)
မှတ်ချက်။ ။ ကျွန်တော်စိတ်တွေထွေပြားပြီးဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့နေ့ကဒီကဗျာကိုရေးဖွဲ့ဖြစ်ပါတယ်...
ကျွန်တော်ကဗျာကတော့ကျွန်တော်ကိုမေးနေပြီ ... အမှန်တိုင်းပြောရရင် ကျွန်တော့်ကဗျာကမေးတဲ့ကျွန်တော့်မေးခွန်းကို
ကျွန်တော်ကိုယ်တိုင်ခုချိန်ထိအဖြေမထွက်သေးပါ...
သူငယ်ချင်းအားလုံးကိုလေးစားချစ်ခင်လျှက်
ဒီလူ(တောင်တွင်းကြီး)
Tuesday, October 25, 2011
*!* ဟိုက် *!*
ကိုယ့်ကမ္ဘာကိုဖြန့်ခင်းဖို့အတွက်
ကိုယ့်အထာနဲ့ကိုနေတာကောင်းတယ်
ဘာတစ်ခုမှလုပ်လို့မရတဲ့နေ့က
ကုလားထိုင်တစ်လုံးပေါ်
တစ်ကိုယ်လုံးကိုအပုံလိုက်တင်ပြီး
အပြင်ကိုငေးကြည့်မိခဲ့
အပြင်ဘက်မှာတော့ အားလုံးက
ဝါကျင့်ကျင့်အဖြူအမဲဓါတ်ပုံလိုခြောက်ခမ်းလို့
တိမ်ဆိုင်တွေလဲတဖြည်းဖြည်းပျောက်သွားကြပြီ
သံချေးတက်မျက်လုံးထဲ အရောင်တွေဖြူဖျော့လာ
ပြောင်းပြန်အရှိန်တွေပိုမြန်လာကြ...
မနေ့တုန်းကတော့
အရာရာသေသေသပ်သပ်ပြီးဆုံးတော့မလိုနဲ့
ပြဇတ်တစ်ပုဒ်ကိုမကျေမညက်မချင်း
အထပ်ထပ်ကနေရတာ ငြီးငွေ့ဖို့ကောင်းတယ်..
နောက်ထပ်နှစ်တွေ ခပ်များများဟာ
သူ့အလိုလိုသွားနေတဲ့နာရီဒိုင်ခွက်တွေပေါ့...
ဟိုက်...
ခုမှကြည့်မိတယ် ကိုယ်လုံးပေါ်မှန်ကြီးက
ငါ့ရဲ့ ပုထုဇဉ်အဖြစ်ကိုမလိုတမာအကြည့်တွေနဲ့ ကြည့်လို့ ။   ။
ဒီလူ(တောင်တွင်းကြီး)
*$* ဘာလဲ *%*
ဘာလဲ
ဘာလို့လဲ
ဘာလုပ်လို့လဲ
ဘာတွေလုပ်လို့လဲ
ဘာတွေဘာဖြစ်လို့လဲ
ဘယ်သူကဘာလုပ်လို့လဲ
ဘာကိုဘယ်သူကလုပ်လိုက်လို့လဲ
သေချာပြန်မစဉ်းစားပဲ
မရေမရာပြန်နင်းသွားတဲ့လမ်းမှာညှောင့်တွေရှိတယ်
ထွေလီကာလီမစဉ်းစားနဲ့
ဧဒီ - ၂၀၀၀ နောက်ပိုင်းက
ရေမီတာဖြတ်ပိုင်းလောက်တောင်အဖိုးမတန်ဘူး
သနားပါတယ်ဆိုတာ မိမိထံရှိသမျှ အသနားခံရသူထံ ပါသွားခြင်းပဲ
ကိုယ့်လမ်းကိုလျှောက်မှတော့ခြေထောက်ပေါက်ပေါက်ပေါ့
ခုတစ်လောလူတွေကပြောတယ် ၀လာတယ်တဲ့
ငါကတော့ငါ့ကိုယ်ငါလူပါးဝလာတယ်လို့ပဲထင်တယ်
ဟိုနေ့ကတောင် ကိုယ့်စကားလုံးတွေနဲ့ကိုစကားများရန်ဖြစ်ခဲ့ရသေးတယ်
ဟူးးးးး ဘာလဲ
လာလုပ်လို့လဲ
ဘာလုပ်ခဲ့မိလို့လဲ
မေးခွန်းတွေကကိုယ့်နှဖူးပေါ်လက်တင်ဖို့ဖြစ်လာသလိုပဲ
ဟိုတုန်းကနေ့ရက်တွေအားလုံးဟာ
ရောင့်ရဲစရာနိတ္တိ ဟိုဟာမရှိ ဘာမရှိနဲ့
ခုနေ့ရက်တွေအားလုံးက လွမ်းစရာအတိနဲ့
ဘာမှမရှိတာချင်းအတူတူအသက်ငယ်တာကမှသာသေးတယ်
နာရီတွေယိမ်းထိုးနေပြီ
သေချာပြန်စဉ်းစားကြည့်တော့
မွန်းကြပ်မှုတွေကြားမြုပ်လိုက်ပေါ်လိုက်
လောကလှိုင်းဒဏ်ကြား ထိုင်လိုက် ထလိုက်
ဘာလဲ
ဘာလို့လဲ
ဘာလုပ်မိလို့လဲ
ဘာကိုဘယ်သူကလုပ်မိလို့လဲ
ဘာပြောလို့လဲ
ဘာပြောမိလို့လဲ
ဘာလဲ ဘာလဲ ။   ။
ဒီလူ(တောင်တွင်းကြီး)
Monday, October 24, 2011
@@@ ပါးပြင်ပေါ်ကပုံပြင် @@@
ဘာကိုမှအလေးအနက်မထားပဲ
ဘယ်ဝါကျကိုမှချမရေးဘူး။
လက်အားနေလို့ရန်သူကိုလက်စွဲဂုဏ်ပြုလိုက်တယ်။
ကွေ့ကောင်နေတဲ့လူတွေအဖို့
မျဉ်းဖြောင့်ဟာအမှားပဲပေါ့။
မျှော်လင့်ချက်တွေက
သံလွင်မြစ်လိုရေစီးသံနေပြီ။
တစ်ခါတလေ
ဘာကိုမှမယုံကြည်တော့တဲ့
ယုံကြည်မှုမျိုးလည်းရှိရဲ့။
အချိန်ကာလကိုဖျော်ဖြေဖို့ဆိုတာ
ယဉ်ကျေးမှုကိုလိမ်ထားဖို့လိုလိမ့်မယ်။
ဘယ်သူကိုမုန်းတီးရမှန်းမသိတော့
နံရံတွေကိုပဲစိုက်ကြည့်နေမိတယ်။
ဘာကိုမှမဆွဲငင်နိုင်တော့
ကဗျာမရေးဖြစ်တဲ့နေ့တွေမှာလည်း
ငါကသံမဏိလိုနေထိုင်ရမယ်။
လူသားတစ်ယောက်အနေနဲ့
ဘာဆက်လုပ်ရင်ကောင်းမလဲ။
နာရီပျက်တစ်လုံးနဲ့ပဲ
အချိန်တိုက်နေရမလား။
ပါးပြင်ပေါ်ကပုံပြင်အကြောင်းပဲ
စဉ်းစားနေရမလား။
ကဗျာတွေနဲ့ပဲစစ်ကြေငြာလိုက်ရမလား။
လူဖြစ်ခဲ့ပြီးမှလူ့တန်ဖိုးတွေ
တွက်ချက်ရတာပျင်းစရာကောင်းတယ်။ ။
              ဒီလူ(တောင်တွင်းကြီး)
### ၂၆ လွန် အတွေး ###
အချိန်ကာလဆိုတဲ့
စမ်းသပ်ခန်းထဲမှာ
ငါ့သွေးတစ်စက်ကိုဓါတ်ခွဲကြည့်တော့
အထီးကျန်ခြင်းဆိုတဲ့ အဖြေထွက်လာတယ်
ခေတ်ပေါ်ရောဂါတစ်ခုဆိုပြီး
ဂုဏ်တက်စရာလဲမရှိပါဘူး
ငါ့စိတ်ကိုလှန်လိုက်မှောက်လိုက်
လုပ်ကြည့်တော့
အတိတ် နဲ့ အနာဂတ် က
ငါ့ဦးနှောက်ကို ၀င်ဝင်ဆောင့်တယ်
အိမ်မက်ထဲမှာလမ်းလျှောက်ထွက်ရုံနဲ့
အညောင်းပြေမသွားဘူး
ကံကြမ္မာဆိုတဲ့ကောင်ကလဲ
ဆေးဆိုးပန်းရိုက်မျက်နှာထားနဲ့
    "လူလိုသိပါ"
ဒီစကားက လူသားမဆန်ဘူး
မျှော်လင့်ချက်ကို ဖမ်းဆုပ်မလို့ကြံကာရှိသေး
ဒုက္ခ ကိုခလုတ်တိုက်မိပြီ ။ ။
ဒီလူ(တောင်တွင်းကြီး)
♥ဝေးချင်း♥နီးချင်း♥လွမ်းချင်း♥ကဗျာ♥
နှစ်ကိုယ်တူရှိ
ပီတိအပြုံး ၊ မဆုံးသေးခင်
အချိန်ကုန်မြန် ၊ နာရီသံအား
မကြား ၊ မမြင်
ဆွံ့အချင်လဲ
အံတုမရ ၊ သဘာဝမို့
ခေတ္တခဏ ၊ လမ်းခွဲမယ် ... ။
ဝေးချင်း ၊ နီးချင်း
လွမ်းချင်းကဗျာ
သီကုံးရေးစပ်
ရင်ချင်းထပ်လျှက်
အပြုံးမပျက် ၊ ဆက်ချစ်မယ် ...။
သူမရှိခဏ
နေမရလို့
တစ်သက်ငါ့ဘေး ၊ သူရှိဖို့အရေး
ကြိုးစားရုန်းကန် ၊ မနက်ဖြန်မှာ
မနေ့ကထက် ၊ နီးခဲ့ပြီ ... ။   ။
ဒီလူ(တောင်တွင်းကြီး)
ငါ့နှလုံးသားကိုငါမထွန်းညှိနိုင်သေးသရွှေ့
ငါ မဖြစ်ချင်တဲ့ စိတ်တွေ
ငါ့ မှာဖြစ်လို့
ရာသီတွေလဲဟောင်းခဲ့ပြီ။
စိတ်ကို
ကြယ်သီးအပြည့်တပ်မထားမိတဲ့
နေ့ရက်တွေမှာပေါ့။
မသေအောင်စိုက်ပျိုးရင်း
မသေမရှင်တွေနဲ့
သေသလိုဖြစ်ခဲ့ရတယ်။
နေ့စဉ်ဘ၀မှတ်တမ်းတွေလဲ
အထားအသိုမှားယွင်းခဲ့တယ်။
ကျွန်တော်အိပ်မက်က
နေရောင်စူးရှနေခိုက်မှာ
သူ့အိပ်မက်က
ရွှေရောင်တောက်ပနေရဲ့။
ရှင်သန်ခြင်းက
မနက်ဖြန်လောက်ကိုတောင်
အတွေးမရောက်တော့ဘူး။
အတိတ်ကိုပြန်ဖွင့်ကြည့်မိတော့
မှိုကပ်နေတဲ့အရိပ်တွေပဲတွေ့တယ်။
ဟောဒီမှာ.......
ကဗျာတစ်ပုဒ်
ကောက်ရတာမဟုတ်ပါ
ကျွန်တော်ကိုယ်တိုင်ကဗျာတစ်ပုဒ် ပစ်ချထားခဲ့ခြင်းသာ
လေနှင်ရာလွင့်ပါးသွားစေသားးးးးးးးးးး ။ ။
ဒီလူ(တောင်တွင်းကြီး)