♣ ဒီလူ(တောင်တွင်းကြီး)ကဗျာရှိုးမှလှိုက်လှဲစွာကြိုဆိုပါ၏ ♣


ေ ခ တ် ကြီးေ ပါ် မှာ ခု န် ဆွ ခု န် ဆွ ဖြ စ်ေ န တဲ့ ` စိ တ် ´ ဟာ ငါ့ က ဗျာ ပဲ ။ဒီလူ(တောင်တွင်းကြီး)

ဖတ်မိကြိုက်မိတဲ့ကဗျာတွေ


ဘယ်လိုလုပ်သိလဲတော့မသိဘူး Hard Disc ပေါ်ကတွေ့တာပဲ(မောနွေ)





ခင်ဗျားမှာ အတွေးအခေါ်မရှိဘူး။ အတွေးအခေါ်လို့ ထင်နေတာဟာ တကယ်တော့ ဘာသာစကားပဲ
စကြဝဠာထဲမှာ မျောနေတဲ့ sign တွေ နောင်ပွင့်လာမယ့် လူသားကပ်ရဲ့ ဘုရားအလောင်းတွေ
သူတို့ကို မြင်လည်းမြင်ရ မမြင်လည်းမမြင်ရ။ ဒါဟာ ဆစ်ဂနယ်ပဲ ။ခင်ဗျားအဲဒါကိုသိလား
ငါသိတာ ငါဘာမှမသိသေးဘူးဆိုတာပါပဲ - ဆိုကရေးတီး ခင်ဗျားအဲဒါကိုသိလား
*ကိုယ်ကတော့ ဘယ်လိုလုပ်သိလဲ မသိဘူး Hard Disc ပေါ်မှာ တွေ့တာပဲ။ ဒီထက်ပိုသိချင်ရင် တော့ F7 ကိုနှိပ်ပါ။*



၁။            ကျောကိုဆတ်ခနဲ ပုတ်ခံရတဲ့အခါ
                (က) လန့်ပြီးအော်မိတယ် (ခ) ဘာမှမဖြစ်ဘူး (ဂ) လန့်သွားပေမဲ့ စိတ်ကချက်ချင်းထိန်းလိုက်နိုင်တယ်

၂။            ကိုယ်ကြိုက်နေတဲ့ ကောင်မလေးကို တခြားယောက်ျားလေးတစ်ယောက်နဲ့တွဲပြီး မြင်တဲ့အခါ
                (က) ဝမ်းနည်းတယ်ဒါပေမဲ့ဘာတတ်နိင်လဲ ကိုယ့်ကံပဲလို့တွေးမိတယ် (ခ) အဲဒီကောင်ကိုမကျေနပ်ဘူးရန်သွားရှာမယ်
                (ဂ)  ကောင်မလေးကိုမချစ်တော့ဘူး

၃။            နောက်တစ်နာရီမှာ မိမိကိုယ်မိမိသေမယ်လို့ ကြိုသိနေပြီဆိုရင်
(က) ဘုရားစာရွတ်နေမယ် (ခ) ငိုမယ်၊သေရမှာကြောက်တယ် (ဂ) အမေစုနဲ့ ဓာတ်ပုံတစ်ပုံအမှတ်တရ တွဲရိုက်ခဲ့ချင်တယ်

(၄)           ကိုယ့်ကဗျာကို လူတွေလက်မခံတဲ့အခါ
(က) ကိုယ့်ဖန်တီးမှုကို သူတို့ဥာဏ်က ဘယ်လိုက်နိုင်မှာလဲလို့တွေးတယ် (ခ) ဘယ်လိုမှမခံစားရဘူး
(ဂ) ဘယ်ကောင့်မှဂရုမစိုက်ဘူး လက်မခံလည်းနေပေါ့

သင့်အဖြေဟာ ၂၀ ထက်ကျော်နေရင် သင့်ဟာ စိတ်ဓာတ်ကြံ့ခိုင်သူ၊ ၁၅ နဲ့ ၁ဝ ကြားဆို သာမန်စိတ်ဓာတ်၊ ၁၀ အောက်ရောက်နေရင်တော့ စိတ်ဓာတ်ပျော့ညံ့သူဖြစ်ပါတယ်။


ဒီလိုရှိပါတယ် ဘောစတွန်မြို့မှာ လူတွေဟာ တစ်ပတ်ကိုရေတစ်ခါထက်ပိုချိုးခွင့်မရှိဘူးလို့ ဥပဒေထုတ်ပြန်ထားပါတယ်။
အာကင်ဆောပြည်နယ်မှာ နေထိုင်စဉ်အချိန်တွင်းမှာ အဲဒီပြည်နယ်ကို နာမည်အသံထွက်မှားခေါ်မိရင်
ဥပေဒနဲ့ငြိစွန်းပါတယ်။ ဒါဟာ ဟုတ်လားမဟုတ်ဘူးလား ဒီနားမှာပဲရပ်မယ်ဆိုရင် သုံးသိန်းအပိုင်ရမယ်။ အဆုံးထိနေမယ်
ဆိုရင်တော့ ခေတ်ကိုပါအပိုင်ရပါမယ်။ ဟိုင်ဆင်ဘတ်ရဲ့ အံစာတုံးကို ပြုတ်မကျအောင်မြဲမြဲကိုင်ထား ဘယ်အရာမှ သေချာ
သွားလို့မဖြစ်ဘူး ပလာတုန်းဖြစ်ဖြစ် ပလေတိုဖြစ်ဖြစ် ပြည်သူတွေအတွက်ဆို ငါးထောင်တန်ဆင်းကဒ်ရဖို့ ဝိုင်းဝန်းကူညီ
ဆောင်ရွက်ကြပါစို့ “ကျွန်တော်ခုလို ငါးထောင်တန်ဖုန်းကမ်ပိန်းလုပ်တာ ဘယ်သူ့စပွန်ဆာနဲ့မှ လုပ်တာမဟုတ်ပါဘူး
ရွှေပြည်တံခွန်ကုမ္ပဏီနဲ့လည်း ဘာမှမဆိုင်ဘူး။ ပြည်သူတွေရသင့်ရထိုက်တဲ့အခွင့်အရေးတစ်ခုဖြစ်လို့ ကိုယ့်ဘာသာကိုယ်
ပြည်သူလူထုတစ်ယောက်အနေနဲ့ လုပ်တာဖြစ်ပါတယ်။” ဟု ယင်းကဆိုသည်။ ဓာတ်ပုံ - မောနွေ


အိပ်၊ စား၊ ကာမ သုံးမျိုးရောသမမွှေ တိရစ္ဆာန်နဲ့ လူရဲ့ကွာခြားချက်က
တိရစ္ဆာန်က စက်နဲ့သက်ရှိကိုမခွဲခြားတတ်ဘူး လူက ခွဲခြားတတ်တယ်
ခင်ဗျားဟာ “မောင်” ဆိုတဲ့ ယန္တရားထဲမှာ (မနက်စောစောထလမ်းလျှောက်၊ အိမ်သာတက်
ငါးပါးသီလစောင့်ထိန်း၊ ခင်ပွန်းကြီးဆယ်ပါးပူဇော်၊) အိုင်ဒီယော်လော်ဂျီ ဘယ်လောက်ပြောင်းပြောင်း
မော်ဒန်လူ့အဖွဲ့အစည်းရဲ့ အညမညEducation နဲ့ အတွေးအခေါ်သင်္ချိုင်းကုန်းမှာ တစ်ယောက်တည်းဖြတ်ပြန်ရဲသလား
နိစ္စဓူဝခေါင်းထဲမှာ အတွေးအခေါ်မရှိတော့ဘူး အတွေးအခေါ်လို့ ထင်နေတဲ့အရာတွေက တကယ်တော့
Text တွေ နားမလည်တဲ့စက်ကိရိယာရဲ့တုံ့ပြန်မှုနဲ့ လူသားမိခင်ရဲ့ သားမြတ်အစစ်တို့ရဲ့ အဓိပါယ်ဆီလီကွန်ချင်း
ခြားနားချက်က သမုဒ္ဒရာနဲ့ အင်တာနက်လို အကျယ်ကြီး။ ကွန်ဆက်ချူရယ်ကဗျာတွေမှာ Form မရှိ။
Form ကိုမျက်လုံးက ပြုလုပ်လိုက်တာ Form လို့မြင်နေရတာကို Hard Disc က လုပ်လိုက်တာ Form အရင်ကတည်းက
မရှိတာ ခုမှကောက်ခနဲမရှိတာမဟုတ် Form ဆိုတာ သေသွားပါပြီ Form ကိုမနက်ဖြန်မွန်းလွဲ ၂ နာရီမှာ
 သဂြိ င်္ုဟ်ပါမယ် နေအိမ်မှကားများ နေ့လယ် ၁၂ နာရီမှာ ထွက်ပါမယ် မသာတစ်ခေါက်ကျောင်းဆယ်ခေါက်
 ဗဟုသုတရအောင်လိုက်ပို့ကြပါ ကဗျာရဲ့နောက်ဆုံးအပိုဒ်တွေဟာ တိုင်ပတ်တတ်တယ်

စို့ပါကြတွေ့ဆုံလည်ပြန်စွာမြေ့ချမ်းရွှင်ပျော်မှာပတ်တစ်နောက်
ဆော်ဒီအာရေဗျက ကဗျာဆရာတွေက ကဗျာကို ညာကနေဘယ်ကိုရေးကြလိမ့်မယ်
မောနွေ
5.5.2012

ပုတီးတစ်လုံး ဖြူတ်ချ..

အိပ်ပျော်ရတာ ပျော်ရပါတယ်
ခုတလော ဒဏ်ရာတွေပေါ်မှာ အလွတ်ကြီး လွတ်လို့
ငါ တစ်ကိုယ်တည်း ခွေနေဖြစ်တယ်
လူတွေဟာ မယုံကြည်ရဘူး ...     ပုတီးတစ်လုံး ဖြုတ်ချ .
တစ်ယောက်ကိုတစ်ယောက် မျက်လုံးတွေနဲ့ စိုက်ကြည့်နေရုံပဲ တတ်နိုင်တဲ့အချိန်
ဆယ်နှစ်သားအရွယ်မှာ နာကျင်မှုနဲ့ စတင်ထိတွေ့ခဲ့ တယ်
ဆုံးရှုံးသွားခဲ့တာဟာ  ပုံဆွဲ စာအုပ်တွေ မဟုတ်ကြောင်း
ရောင်စုံခဲတံတွေ မဟုတ်ကြောင်း မစဉ်းစားချင်တဲ့ အကြောင်းအရာတွေကိုပဲ
ငါ ပြန် စဉ်းစားနေမိတယ်
နောက်ကြောင်းကနေ စ ပြီး ရှေ့ကိုပြန်တွေး ဖြ စ် တ ယ်
အမည်တပ်စရာဆိုလို့ ခြေကုန်လက်ပန်းကျလာတဲ့ ရှင်သန်မှုများသာ ရှာဖွေတွေ့ရှိ
ကြက်ခြေခတ်ပစ်ချင်စရာအကောင်းဆုံး အချိန်ကာလတွေကို
ငါ့မှာ ခုချိန်တွေထိ ရုန်းကန်လို့ မဆုံးနိုင်သေးဘူး
အရှိတရားတွေကို ငါ့လက်ဖ၀ါးထဲ ဆုပ်လိုက်ဖြေလိုက်
ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်ဖွယ်ရာတွေဟာ ပျောက်ဆုံးစ ပြုနေတဲ့ ရာသီဥတုတွေလို
ငါ့နေ့ရက် ဘ၀ထဲမှာ မှောင်လိုက် မှိတ်လိုက် လင်းလိုက်နဲ့
ငါဟာ အသက်ရူလိုက်တိုင်း ဒဏ်ရာတွေကို မွေး မြူေ န သူ များ လား
ကိုယ့်အဆိပ် ကိုယ်ပြန်မိနေတဲ့ မေးခွန်းတွေနဲ့
ငါ့ကိုယ်ငါ ကဗျာတွေရေးပြီး ပြန်ကယ်တင်နေရတာကိုပဲ အထူးတဆန်းဖြစ်လို့
ဒီလိုနဲ့ပဲ ထိခိုက်ပွန်းပဲ့မှုများဟာ သက်တမ်းတစ်လျှောက်လုံး ရင်းနှီးကျွမ်းဝင်လာခဲ့တယ် ဆိုပါတော့
နာ ကျင် ရ တာ အရသာရှိပါတယ် နာ ကျင် ရ တာ အရသာရှိပါတယ်
စိတ်ကိုဆွဲလမ်းစေတတ်သော အရာများ
ကိုကင်း.. ကဖိန်း .. စသည်ဖြင့် ဆက်လက် ထည့်သွင်းသတ်မှတ်ရန်.. နာကျင်မှုများ ကျန်ရှိ
လူတွေဟာ မယုံကြည်ရဘူး ပုတီးတစ်လုံး ဖြုချ
ယိုးယွင်းသွားတဲ့ စိတ်မှာ
လူတွေဟာ မယုံကြည်ရဘူး ပုတီးတစ်လုံး ဖြုတ်ချ
ယုံကြည်မှု တစ်စုံတစ်ရာ မရှိဘဲ
ဘ၀ကို ရပ်တည်လာခဲ့သော အံသြဖွယ်ရာ နေ့ရက်များဟာ များပြားခဲ့ပါပြီ
လူ့သက်တမ်းဟာ သုံးဆယ်နားကပ်လာခဲ့ပါပြီ
မမြင်နိုင်တဲ့ ပြတ်ရှရာတွေနဲ့ ငါ့ လက်ဖျံရိုးသွေးကြော
အမည်မဖေါ်လိုတဲ့ ဆို့နင်မှုတွေနဲ့ ငါ့ ဆိုက်ကို.
မဖြေလျှော့လိုတဲ့ မွန်းကြပ်မှုတွေနဲ့ ငါ့ အသက်ရှုနူန်း
အချိန်ပြတ်ရွေ့တွေ တစ်စတစ်စ ရွေ့လျားတာနဲ့ အမျှ
ငါဟာ လူ့အဖြစ်မှာ လူဆန်သူဆန် မနေထိုင်တတ်သေးသူ
လူ့ပတ်ဝန်းကျင်တစ်ခုလုံးရဲ့ အပြင်ဘက်မှာ ငါ့ယဉ်ကျေးမှုနဲ့ငါ ရိုးရှင်း သိမ်မွှေ့လို့
ခေတ်မီ ပေါင်းသင်းဆက်ဆံရေးတွေမှာ ငါဟာ အစွန်းရောက် လူသားဖြစ်တယ်
လူတွေဟာ မယုံကြည်ရဘူး ပုတီးတစ်လုံး ဖြုတ်ချ
လူမှုပေါင်းသင်းဆက်ဆံရေးတွေဟာ မယုံကြည်ရဘူး ပုတီးတစ်လုံး ဖြူတ်ချ
လိင်တူညီမျှတွေဟာ မယုံကြည်ရဘူး ပုတီးတစ်လုံး ဖြူတ်ချ
လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ မယုံကြည်ရဘူး ပုတီးတစ်လုံး ဖြုတ်ချ.
နည်းပညာတွေ ကင်မရာတွေ ဆိုရှယ်နက်ဝပ်တွေ စကားလုံးအထားသိုတွေ.
မယုံကြည်စရာတွေကို ရေတွက်တယ် ပုတီးတစ်လုံးဖြူတ်ချ
ငါ့လက်ဖျံရိုးသွေးကြောတွေမှာ.. ငါ့အသက်ရှုသံတွေမှာ..
အသက်ရှင်နေထိုင်သမျှ   နာကျင်မှုဟာ အရသာ ရှိပါတယ်

မှူးသစ်




ရွှေအတောင်ပံမှာ ဒဏ်ရာတွေ ပြန်ကောင်းလာတဲ့ တစ်နေ့ (မောနွေ)


မှောင်မဲနေတဲ့ အခန်းတစ်ခန်းထဲမှာ ဝင်ထိုင်မလို့ စတင်ကြိုးစားတယ်
ကိုယ်…ကိုယ်တိုင်ဟာ တံခါးတစ်ချပ်ဖြစ်သွားတဲ့အခါ ဒါဟာ ကံတရားက မာဂျင်နယ်လိုက်ဇ်လုပ်ကြံတာခံလိုက်ရသလို
စိတ်ကူးထဲ လောင်နေတဲ့ အလင်းမှာ ဘာအလင်းမှထပ်မလိုဘူး
စကြဝဠာရဲ့ ကယ်ရီကေးချားအပါအဝင် အလင်းနဲ့ရေးထားတဲ့ အရာအားလုံး
ချစ်ခြင်းမေတ္တာရဲ့ ဗျည်း၊ သရတွေအားလုံးဟာ အရောင်မရှိတဲ့အတွက် ဘယ်တော့မှ မထင်ဘူး။
လူ့အရေပြားပေါ်သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးတံဆိပ်နဲ့ သစ်ပင်စိုက်လိုက်
Nihilist အယူအဆနဲ့ လူ့ဘ၀ကိုမမြင်ချင်
ခါးကိုဖက်ပြီး လမ်းလျှောက်သွားနေတဲ့ ကောင်လေးနဲ့ကောင်မလေးကို အရူးတစ်ကောင်က လိုက်ကြည့်
*လူတွေပြည့်ကျပ်နေတဲ့ အခန်းထဲမှာ ငါတစ်ယောက်တည်း အထီးကျန်နေတယ်*

လူတွေနဲ့ ရောနှောနေနေလိုက်လည်း ငါ နဲ့ “ငါ” တစ်ထပ်တည်းဖြစ်မသွားဘူး
ခွန်အားရှိသလောက်ရုန်းကန်နေတယ်လို့ ဆိုပေမဲ့လည်း အထဲကိုတိုးဝင်နေခြင်းပဲလို့ ဆိုကြပါစို့ ညီမလေးရာ
မင်းငါ့ကို ဖက်ထားအောင် ငါမတတ်နိုင်တော့ လူ့အဖွဲ့အစည်းကကိုးကွယ်နေတဲ့ God က ငါ့ကို တက် Fuck
နှစ်ရာတန်ပေါ်က ခြင်္သေ့က ငါ့ကို Rape လုပ်ဖို့ချောင်းမြောင်း
ကားစပယ်ယာတွေကို ငါအဖေမခေါ်နိုင်ဘူး ဘယ်လိုလုပ်မလဲ လူအဖြစ်ကို မေ့သွားကြမလား ဥုံဖွ
ဘယ်တော့မှလိမ်မပြောပါဘူး ဘဝမှာ ဘဝတစ်ခုလုံးနဲ့ မဆန့်မပြဲဖြစ်အောင်
ဘဝကြီးစုတ်ပြတ်ကျွံထွက်သွားလောက်အောင် အချစ်ရယ်လို့  ပြောလိုက်ဆိုလိုက်
ဝိုင်းကြီးပတ်ပတ်ဒူဝေဝေကမ္ဘာကြီးဟာ ဗလာမဲပဲ။
တုံးတိုက်တိုက် ကျားကိုက်ကိုက် နူးညံ့ပစ်မှာပဲ
အံဝင်ခွင်ကျမှုနဲ့တစ်သားတည်းဖြစ်မှုဆိုတာ မရှိဘူးလား
ငါ့ကို မင်းခန္ဓာကိုယ်ထဲက အညစ်အကြေးတွေလိုသာ ပုံမှန်စွန့်ထုတ်ပစ်လိုက်ပါ
င့ါ မိသားစုမှာ ငွေမရှိဘူး ဦးနှောက်အချိန်ပိုင်းအငှားလိုက်ပြီး ပစ္စုပ္ပန်ယဉ်ကျေးမှုနဲ့ အသိတရားထဲမှာ
အမှန်တရားရဲ့အရည်အသွေးကို မူလီနဲ့အတွင်းသားထဲထိ စိမ့်ဝင်အောင်ဖောက်သွင်းထားတာ
ကိုယ်အပါအဝင် ကိုယ့်မိသားစုတစ်ခုလုံးရဲ့ ဘုရားသခင်ကိုယ်တိုင်ကအစ ချစ်မေတ္တာကို ကိုးကွယ်တယ်
မောင်ဆိုတာ သေသွားပြီ မောင့်ကိုချစ်တယ် မောင့်ကို ဘယ်တော့မှ မခွဲဘူး
မောင့်ကိုစိတ်ဆင်းရဲအောင် မလုပ်တော့ဘူး 5.11.2011 ထဲက မောင်ဆိုတာ သေသွားပြီ
မောင့်ကို God က Fuck သွားပြီ
ကိုယ့်ကို မေ့ပစ်လိုက် မင်းရဲ့စိတ်မျက်နှာပြင်ပေါ် ငါ့မေတ္တာတရားမဖိတ်စင်စေရဘူး
ကိုယ်ဟာ ပဋိဇီဝဆေးတွေလို မင်းကိုကျန်းမာရေးထိခိုက်စေတယ်
ဆံပင်ကို အရှည်ထားပြီး မင်းသိပ်ချစ်တဲ့ မျက်လုံးတွေကို ငိုခိုင်းထားတယ်
လူတွေကို မြင်တိုင်း ကျားကြောက်လို့ ရှင်ကြီးကိုးသလို ကိုးမယ်
သံဂဟေစတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ပန်းပုရုပ်တစ်ရုပ်လို လူတွေကငါ့ကိုလာထိတိုင်း
“ဒေါင်” ခနဲအသံထွက်ပြီး ပြုံးပြမယ် ငါ့အပြုံးဟာ သတ္တုဆန်တဲ့အပြုံး အင်အော်ဂဲနစ်အပြုံး
လူဖြစ်နေတုန်းအခိုက် လူအဖြစ်ရရှိထားတဲ့အချိန်မှာ ကိုယ့်လူသားဖြစ်မှုဟာ မင်းအတွက်အနုပညာပဲ
မင်းရယ် ငါရယ် ပြီးတော့ မင်းရယ် ငါရယ်ပဲ repeat ထပ်ခါထပ်ခါ လုပ်ထားတဲ့
မင်းရယ် ငါရယ် မရှိတော့ရင်တောင် ရှိနေဦးမယ့် မင်းရယ် ငါရယ်နဲ့ ငါနေမယ်
၂၁ ရာစုရဲ့ အပေါဆုံးအရာကို လူတွေကို ငါလိုက်မေးမိမယ်
တစ်ခါတလေလည်း ငါ နတ္ထိဖြစ်သွားနိုင်တယ်
မင်းကိုတော့ Deconstruction လုပ်ဖို့အကြောင်းမရှိ ချစ်
ငါ့အနုပညာရဲ့ နောက်တစ်နေ့အစီအစဉ်က Dead ပဲ

မောနွေ
၁၄၊ ၁၊ ၂၀၁၂

* ----- * - David Cook ရဲ့ သီချင်းတစ်ပုဒ်မှ စာသား။
 ကဗျာခေါင်းစဉ် - ဆရာတာရာမင်းဝေ၏ လုံးချင်းဝတ္ထုစာအုပ်တစ်အုပ်နာမည်။



 ခေါင်းစဉ်ကို ရှင် ပဲ ပေးလိုက်ပါ
-------------------------------

ရှင်ဟာလေ

အများသုံးပါးစပ်ကြီးနဲ့ အော် အော် ပြောနေတုန်းပဲလား

မွေးကတည်းက ဦးနှောက်ပါလာတဲ့လက်ညိုး ရှိရင် ကျွန်မကိုပြလေ

မျက်လုံးတွေသာ အသက်ရှုတတ်စမ်းပါစေ

ချစ်တဲ့အကြောင်းတွေလောက်နဲ့ ၀င်သက်ထွက်သက်ချင်း ရင်းနှီးပစ်လိုက်မယ်

မုဒိတာပွားစမ်းပါရှင်

တကယ်က ကျွန်မလည်း ရိုးသားရတာပျင်းလာပါပြီ

စိတ် ပျက်/ပြတ်စရာတွေ များလာတယ်

အချက်ပေးတဲ့ အချက်အလက်တွေ အပြင်ရောအတွင်းရော ကျွန်မဖြုတ်ထားလိုက်ရပြီ

ရှင့် ကိုတော့ အား နာ ပါ ရဲ့

စက်ခေါင်းပဲလား၊ လူစီးတွဲမပါဘူးလား သံလမ်းကမေးရင် ကျွန်မဘယ်လိုဖြေလိုက်ရမလဲ

Expire Date အတပ်ခံထားရတဲ့ ကုန်ပစ္စည်းမဟုတ်ဘူး

ခက်တော့တာ ပဲ သူတို့က စကားလုံးတွေကို သက်တမ်းလာမှတ်နေပြန်ပြီ

သွားစမ်းပါ

ရှင်မှန်နဲ့ရှင့်မျက်နှာ ထောင့်စွန်းတွေမကွယ်ရင် အဆင်ပြေပါတယ်

တွင်းထွက်ပစ္စည်းတွေ တွင်းထဲပစ်ချမယ်

ကော်ဖီသောက်ပြီး အိပ်ပစ်လိုက်တယ် 3D တွေ ကျွန်မမှမကြိုက်တာ

ရှင့်ခြေထောက်တွေအပါအ၀င် ရှင့်ကိုအားကျပါရဲ့

ရှင်သိပြီးပြီလား ၀င်ကြေးမပေးရတော့ဘူးတဲ့ အဲဒီပန်းခြံက

ပြည်သူပိုင်သွားပြီဆိုပဲ

အ မှိုက် တွေ နဲ့ အ နင်း ခံ ပု ခုံး များ

ဖုန်းမြည်သံနဲ့ချွေးနံ့တွေ ခဏတော့ အသက်အောင့်ထား

နားကြပ်တပ်ထားတော့ ဆဲသံဆိုသံ မကြားရတာပေါ့

ရောမတောင် အရောင်ပြောင်းတတ်သေးတာပဲရှင်ရယ်

သီချင်းသံလေး နည်းနည်းလျှော့ပေးပါလား

ကျွန်မရှိနေတာ ကျွန်မကလွဲပြီး မသိစေချင်လို့

အသည်းကွဲလာတဲ့သူငယ်ချင်းကို ခေါက်ဆွဲပြုတ်ကျွေးလိုက်တယ်

အချိန်မရွေးသုံးလို့ရတာ Ready Madeပဲရှိတာ

ဖြစ်ချင်တာက Rock Starပါဆို စာတွေဖတ်ခိုင်းပြန်ပြီ

စိတ်ညစ်တဲ့အထဲမှာအဲဒါတွေပါတယ်

ငယ်ဘ၀ကစီးဖူးခဲ့တဲ့ စက်ဘီးကလေးမှာ နံပါတ်မပါဘူး

လှေကားမီးလုံးလေးကျွမ်းနေတယ် အပြင်မှာမှောင်နေပြီ

ထားပါလေ ရှင်လည်း ပြန်လာမှာမှမဟုတ်ပဲ

စကားမစပ် ရှင်နဲ့ကဗျာအသစ်နဲ့ တော်တော်လိုက်ဖက်တယ်။ ။



ရွှေမိုးမြူ


No comments:

Post a Comment

လာကြည့်ပြီးတစ်ခုခုဝေဖန်ခဲ့ပေးပါ...