♣ ဒီလူ(တောင်တွင်းကြီး)ကဗျာရှိုးမှလှိုက်လှဲစွာကြိုဆိုပါ၏ ♣


ေ ခ တ် ကြီးေ ပါ် မှာ ခု န် ဆွ ခု န် ဆွ ဖြ စ်ေ န တဲ့ ` စိ တ် ´ ဟာ ငါ့ က ဗျာ ပဲ ။ဒီလူ(တောင်တွင်းကြီး)

Monday, October 24, 2011

@@@ ပါးပြင်ပေါ်ကပုံပြင် @@@

ဘာကိုမှအလေးအနက်မထားပဲ

ဘယ်ဝါကျကိုမှချမရေးဘူး။

လက်အားနေလို့ရန်သူကိုလက်စွဲဂုဏ်ပြုလိုက်တယ်။

ကွေ့ကောင်နေတဲ့လူတွေအဖို့

မျဉ်းဖြောင့်ဟာအမှားပဲပေါ့။

မျှော်လင့်ချက်တွေက

သံလွင်မြစ်လိုရေစီးသံနေပြီ။

တစ်ခါတလေ

ဘာကိုမှမယုံကြည်တော့တဲ့

ယုံကြည်မှုမျိုးလည်းရှိရဲ့။

အချိန်ကာလကိုဖျော်ဖြေဖို့ဆိုတာ

ယဉ်ကျေးမှုကိုလိမ်ထားဖို့လိုလိမ့်မယ်။

ဘယ်သူကိုမုန်းတီးရမှန်းမသိတော့

နံရံတွေကိုပဲစိုက်ကြည့်နေမိတယ်။

ဘာကိုမှမဆွဲငင်နိုင်တော့

ကဗျာမရေးဖြစ်တဲ့နေ့တွေမှာလည်း

ငါကသံမဏိလိုနေထိုင်ရမယ်။

လူသားတစ်ယောက်အနေနဲ့

ဘာဆက်လုပ်ရင်ကောင်းမလဲ။

နာရီပျက်တစ်လုံးနဲ့ပဲ

အချိန်တိုက်နေရမလား။

ပါးပြင်ပေါ်ကပုံပြင်အကြောင်းပဲ

စဉ်းစားနေရမလား။

ကဗျာတွေနဲ့ပဲစစ်ကြေငြာလိုက်ရမလား။

လူဖြစ်ခဲ့ပြီးမှလူ့တန်ဖိုးတွေ

တွက်ချက်ရတာပျင်းစရာကောင်းတယ်။ ။

              ဒီလူ(တောင်တွင်းကြီး)

No comments:

Post a Comment

လာကြည့်ပြီးတစ်ခုခုဝေဖန်ခဲ့ပေးပါ...