♣ ဒီလူ(တောင်တွင်းကြီး)ကဗျာရှိုးမှလှိုက်လှဲစွာကြိုဆိုပါ၏ ♣


ေ ခ တ် ကြီးေ ပါ် မှာ ခု န် ဆွ ခု န် ဆွ ဖြ စ်ေ န တဲ့ ` စိ တ် ´ ဟာ ငါ့ က ဗျာ ပဲ ။ဒီလူ(တောင်တွင်းကြီး)

Monday, October 24, 2011

### ၂၆ လွန် အတွေး ###

အချိန်ကာလဆိုတဲ့
စမ်းသပ်ခန်းထဲမှာ
ငါ့သွေးတစ်စက်ကိုဓါတ်ခွဲကြည့်တော့
အထီးကျန်ခြင်းဆိုတဲ့ အဖြေထွက်လာတယ်

ခေတ်ပေါ်ရောဂါတစ်ခုဆိုပြီး
ဂုဏ်တက်စရာလဲမရှိပါဘူး
ငါ့စိတ်ကိုလှန်လိုက်မှောက်လိုက်
လုပ်ကြည့်တော့
အတိတ် နဲ့ အနာဂတ် က
ငါ့ဦးနှောက်ကို ၀င်ဝင်ဆောင့်တယ်

အိမ်မက်ထဲမှာလမ်းလျှောက်ထွက်ရုံနဲ့
အညောင်းပြေမသွားဘူး
ကံကြမ္မာဆိုတဲ့ကောင်ကလဲ
ဆေးဆိုးပန်းရိုက်မျက်နှာထားနဲ့
    "လူလိုသိပါ"
ဒီစကားက လူသားမဆန်ဘူး
မျှော်လင့်ချက်ကို ဖမ်းဆုပ်မလို့ကြံကာရှိသေး
ဒုက္ခ ကိုခလုတ်တိုက်မိပြီ ။ ။
ဒီလူ(တောင်တွင်းကြီး)

No comments:

Post a Comment

လာကြည့်ပြီးတစ်ခုခုဝေဖန်ခဲ့ပေးပါ...