♣ ဒီလူ(တောင်တွင်းကြီး)ကဗျာရှိုးမှလှိုက်လှဲစွာကြိုဆိုပါ၏ ♣


ေ ခ တ် ကြီးေ ပါ် မှာ ခု န် ဆွ ခု န် ဆွ ဖြ စ်ေ န တဲ့ ` စိ တ် ´ ဟာ ငါ့ က ဗျာ ပဲ ။ဒီလူ(တောင်တွင်းကြီး)

Thursday, October 27, 2011

!!! ငါတို့ပြောတဲ့ ဝေးကွာခြင်း !!! @ ဒီလူ^^လင်းလက်ကြယ်^^နှိုင်းမရ @

လင်းလက်ကြယ်

မတွေ့ရခြင်း နဲ့ သတိရခြင်းကို အချိုးကျပေါင်းစပ်လိုက်ရင်
ထွက်ကျလာမယ့် ဝေါဟာရ က အလွမ်းဖြစ်နေမယ်ဆိုရင်
ချစ်သူနဲ့ ထိတွေ့ခြင်း သာယာခြင်းမရှိတဲ့ ငါက
နတ်ဆိုး တစ်ကောင်များဖြစ်နေမလား
ဝေးကွားခြင်း နဲ့ မဆုံနိုင်ခြင်းကို ရောကျိုလို့
ထွက်ကျလာမဲ့ ပေါင်းခံရေက မျက်ရည်ဖြစ်နေမယ်ဆိုရင်
ငါ့မျက်လုံးက ပြောတယ် ပြုံးနေတဲ့ နှုတ်ခမ်းတစ်စုံက
အရမ်းပျော်နေပုံရတယ်တဲ့ 
ကွဲအက်နေတဲ့  ငါ့နှလုံးသားက နှစ်သိမ့်တယ်
သူလည်း ဟန်ဆောင်နေတာပါတဲ့
ကဲ......ဘယ်လိုလုပ်ကြမလဲ  ဝေးကွာခြင်းက ငါ့ခန္ဓာကိုယ်က
ခံစားနိုင်တဲ့ အစိတ်အပိုင်း အားလုံးကို နာကျင်စေတာ
မင်းသိနိုင်မှာလား ချစ်သူ.......


ဒီလူ(တောင်တွင်းကြီး)


ဝေးကွာခြင်းဆိုတဲ့သက္ကရာဇ်က
နေ့ရက်တွေကိုစားသုံး
အလွမ်းဆိုတဲ့ငနဲက
ငါ့ညရေးညတာတွေကိုနှောက်ယှက်နေတယ်
ဝေကွာခြင်းအစိတ်အပိုင်းတွေမှာ
လွမ်းဆွတ်မူတွေကနေရာယူလွန်းနေတယ်
လောလောလတ်လတ်ထွက်ကျလာတဲ့အလွမ်းတွေကို
ဘယ်နေရာမှာထုပ်ပိုးသိမ်းဆည်းရမှာလဲ
ရင်ဘတ်ကြီးတစ်ခုလုံးလဲလေးလံနေပြီ
သွေးလည်ပတ်မူ့မရှိတဲ့ဝေးကွာခြင်းကို
အလွမ်းနဲ့လက်ဆုပ်လက်ကိုင်ပြရမှာလား
အချစ်နဲ့အမုန်းကအမြင်စောင်းနေသလောက်
ဝေကွာခြင်းနဲ့လွမ်းဆွတ်ခြင်းကပုခုံးဖက်ပေါင်းနေတာ
သိပ်ကြည့်လို့မရတော့ဘူး.......


နှိုင်းမရ

ဒီမှာ ဒီလူ မေးပါဦးမယ်
ဝေးကွာလို့လွမ်းတာလား လွမ်းလို့ဝေးကွာတာလား
မင်းမမြင်နိုင်ခဲ့တာလား
ငါလဲသေချာတော့မသိသေးဘူး
အလွမ်းဆိုတဲ့ငနဲက
ငါ့ရင်ဘတ်ကိုဆောင့်ဆောင့်ကန်နေတယ်
လောကဓံရဲ့ ရိုက်ပုတ်ခြင်းမှာ
ငါ့ကိုငါချကျွေး မီးလျှံတွေနဲ့ငါ့ရင်ကို
မင်းမမြင်နိုင်တာလား.....
ဟေ့ကောင် လင်းလက် မင်းလိုက်မှာလား
ဝေးကွာခြင်းကိုနားရင်းသွားရိုက်မလို့
ငါ့လွမ်းခြင်းကို ကံကြမ္မာရဲ့ရိုက်ချက်က
နတ်ဆိုးတစ်ကောင်ထက်ပြင်းတယ်
မင်းတို့လွမ်းသလိုငါလွမ်းတယ်
မင်းတို့ဝေးကွာသလိုငါလဲနီးစပ်မနေခဲ့ဘူး ။    ။


ဒီလူ လင်းလက်ကြယ် နှိုင်းမရ

## ၂၀-ရာစုလွန်အချစ်ကဒီလိုတွေဖြစ်ကုန်ကြပြီထင်တယ် ##

အချစ်က...
ဂျော်ဒန်နိုးဝမ်းဆက်မြင်ရင်မျက်လုံးတွေအရောင်လင်းလက်လို့
ဘ၀ရှေ့ရေးတွေးရင်သွေးဆုတ်လေဖြန်းသွားတတ်တဲ့ရေဂါ

အချစ်က...
စိန်နားကပ်ပန်ချင်သလို ဇိမ်ခံကားအကောင်းစားလဲစီးချင်ပြန်ရဲ့
စံပါယ်ပန်းပန်ပြီး ဆိုက်ကားမစီးချင်ဘူး

အချစ်က...
ကွန်ဒိုတိုက်ခန်းနဲ့နေချင်သလို အဲကွန်းဖွင့်ပြီးဇိမ်ခံချင်တယ်
တဲကုတ်မှာနေပြီး ပဲပြုတ်မစားချင်ဘူး

၂၀ ရာစုလွန်အချစ်က
ထမင်းမစားဘူး ဒေါ်လာစားတယ်
လမ်းမလျှောက်ဘူး ကားစီးတယ်
ပန်းမပန်ဘူး စိန်နားကပ်ပန်တယ်

၂၀ရာစုလွန်အချစ်မှာ
သစ္စာတရားဟာ ပဋိသန္ဒေကာကွယ်ဆေးလို သုံးလပဲအာမခံတယ်

ဖက်ရှင်ပစ္စည်းနဲ့ ပိုက်ဆံမက်ခြင်းကိစ္စမှာ
အချစ်တွေရဲ့ဗီဇစိတ်ကတစ်ပုံစံတည်း

သြော်.... အချစ်... အချစ်...အချစ်
မင်းတို့လဲခေတ်ကာလဆိုတာကြီးကို
အမှီလိုက်နိုင်သားပဲ  ။     ။

ဒီလူ(တောင်တွင်းကြီး)

မှတ်ချက် ။  ။ အားလုံးကိုမဆိုလိုပါ အများစုကိုသာဆိုလိုပါသည်

*** အဆော့လွန်တဲ့ ကဗျာ ***

မနက်ခင်းက မိရိုးဖလာအတိုင်း
တစ်နေ့တာအသက်ရှင်ခြင်းရဲ့ ပထမစာမျက်နှာ
ငါ့တစ်နေ့တာကိုပြန်တီးခတ်ကြည့်တော့
မင်းကိုသတိရတဲ့သံစဉ်တွေပဲထွက်လာတယ်
 
မင်းက…
ငါအသစ်မက်မိတဲ့အိပ်မက်
ငါအသစ်တွေ့ထားတဲ့ကမ္ဘာ
ငါက…
ဆံပင်ပုံစံပျက်ရင်တောင်ကမ္ဘာပျက်မတတ်ခံစားတတ်သူ
သစ်ရွက်ကြွေှ့ရင်တောင်ဝမ်းနည်းစိတ်နဲ့မီးလောင်လွယ်သူ
င့ါအနားမှာမင်းမရှိတဲ့အခါ
ငါ့ကိုယ်ငါတောင်ဘယ်လိုအထူးပြုရမလဲမသိဘူး
 ငါတို့အနမ်းနဲ့ပွင့်တဲ့ပန်း
ငါတို့အပြင်ဘယ်သူမှမသိတဲ့ချစ်ခြင်းသစ္စာတွေနဲ့
ငါတို့အိပ်မက်တွေလဲရွှေအဆင်းနဲ့လင်းအုန်းမှာပါ
ခုတော့ ….
ဝေးနေရအုန်းမှာပေါ့
ငါ့ခံစားချက်အကုန်လုံးသာဖွင့်အန်ချလိုက်ရင်
ကမ္ဘာကြီးတစ်ခုလုံးတောင်မီးလောင်ပြာနှမ်းသွားအုန်းမယ်
မယုံရင်
ဘယ်မိုးကို ဘယ်အငြိုးနဲ့ရွှာပြရမလဲ
ဒီကဗျာကိုဘယ်ရှိုးမှာသွားခင်းကျင်းရမလဲ
စကားလုံးအဆော့လွန်
ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတဲ့ကဗျာ
ဒီရှိုးအတွက်ခင်းကျင်းလိုက်တယ် ။ ။
ဒီလူ(တောင်တွင်းကြီး)
မှတ်ချက်။ ။ဖော်အဲဗား ဆိုဒ်ရဲ့ကဗျာရှိုးပွဲအတွက်ရေးတင်ဖြစ်တဲ့ကဗျာလေးပါ