♣ ဒီလူ(တောင်တွင်းကြီး)ကဗျာရှိုးမှလှိုက်လှဲစွာကြိုဆိုပါ၏ ♣


ေ ခ တ် ကြီးေ ပါ် မှာ ခု န် ဆွ ခု န် ဆွ ဖြ စ်ေ န တဲ့ ` စိ တ် ´ ဟာ ငါ့ က ဗျာ ပဲ ။ဒီလူ(တောင်တွင်းကြီး)

Thursday, October 27, 2011

## ၂၀-ရာစုလွန်အချစ်ကဒီလိုတွေဖြစ်ကုန်ကြပြီထင်တယ် ##

အချစ်က...
ဂျော်ဒန်နိုးဝမ်းဆက်မြင်ရင်မျက်လုံးတွေအရောင်လင်းလက်လို့
ဘ၀ရှေ့ရေးတွေးရင်သွေးဆုတ်လေဖြန်းသွားတတ်တဲ့ရေဂါ

အချစ်က...
စိန်နားကပ်ပန်ချင်သလို ဇိမ်ခံကားအကောင်းစားလဲစီးချင်ပြန်ရဲ့
စံပါယ်ပန်းပန်ပြီး ဆိုက်ကားမစီးချင်ဘူး

အချစ်က...
ကွန်ဒိုတိုက်ခန်းနဲ့နေချင်သလို အဲကွန်းဖွင့်ပြီးဇိမ်ခံချင်တယ်
တဲကုတ်မှာနေပြီး ပဲပြုတ်မစားချင်ဘူး

၂၀ ရာစုလွန်အချစ်က
ထမင်းမစားဘူး ဒေါ်လာစားတယ်
လမ်းမလျှောက်ဘူး ကားစီးတယ်
ပန်းမပန်ဘူး စိန်နားကပ်ပန်တယ်

၂၀ရာစုလွန်အချစ်မှာ
သစ္စာတရားဟာ ပဋိသန္ဒေကာကွယ်ဆေးလို သုံးလပဲအာမခံတယ်

ဖက်ရှင်ပစ္စည်းနဲ့ ပိုက်ဆံမက်ခြင်းကိစ္စမှာ
အချစ်တွေရဲ့ဗီဇစိတ်ကတစ်ပုံစံတည်း

သြော်.... အချစ်... အချစ်...အချစ်
မင်းတို့လဲခေတ်ကာလဆိုတာကြီးကို
အမှီလိုက်နိုင်သားပဲ  ။     ။

ဒီလူ(တောင်တွင်းကြီး)

မှတ်ချက် ။  ။ အားလုံးကိုမဆိုလိုပါ အများစုကိုသာဆိုလိုပါသည်

No comments:

Post a Comment

လာကြည့်ပြီးတစ်ခုခုဝေဖန်ခဲ့ပေးပါ...