♣ ဒီလူ(တောင်တွင်းကြီး)ကဗျာရှိုးမှလှိုက်လှဲစွာကြိုဆိုပါ၏ ♣


ေ ခ တ် ကြီးေ ပါ် မှာ ခု န် ဆွ ခု န် ဆွ ဖြ စ်ေ န တဲ့ ` စိ တ် ´ ဟာ ငါ့ က ဗျာ ပဲ ။ဒီလူ(တောင်တွင်းကြီး)

Thursday, October 27, 2011

!!! ငါတို့ပြောတဲ့ ဝေးကွာခြင်း !!! @ ဒီလူ^^လင်းလက်ကြယ်^^နှိုင်းမရ @

လင်းလက်ကြယ်

မတွေ့ရခြင်း နဲ့ သတိရခြင်းကို အချိုးကျပေါင်းစပ်လိုက်ရင်
ထွက်ကျလာမယ့် ဝေါဟာရ က အလွမ်းဖြစ်နေမယ်ဆိုရင်
ချစ်သူနဲ့ ထိတွေ့ခြင်း သာယာခြင်းမရှိတဲ့ ငါက
နတ်ဆိုး တစ်ကောင်များဖြစ်နေမလား
ဝေးကွားခြင်း နဲ့ မဆုံနိုင်ခြင်းကို ရောကျိုလို့
ထွက်ကျလာမဲ့ ပေါင်းခံရေက မျက်ရည်ဖြစ်နေမယ်ဆိုရင်
ငါ့မျက်လုံးက ပြောတယ် ပြုံးနေတဲ့ နှုတ်ခမ်းတစ်စုံက
အရမ်းပျော်နေပုံရတယ်တဲ့ 
ကွဲအက်နေတဲ့  ငါ့နှလုံးသားက နှစ်သိမ့်တယ်
သူလည်း ဟန်ဆောင်နေတာပါတဲ့
ကဲ......ဘယ်လိုလုပ်ကြမလဲ  ဝေးကွာခြင်းက ငါ့ခန္ဓာကိုယ်က
ခံစားနိုင်တဲ့ အစိတ်အပိုင်း အားလုံးကို နာကျင်စေတာ
မင်းသိနိုင်မှာလား ချစ်သူ.......


ဒီလူ(တောင်တွင်းကြီး)


ဝေးကွာခြင်းဆိုတဲ့သက္ကရာဇ်က
နေ့ရက်တွေကိုစားသုံး
အလွမ်းဆိုတဲ့ငနဲက
ငါ့ညရေးညတာတွေကိုနှောက်ယှက်နေတယ်
ဝေကွာခြင်းအစိတ်အပိုင်းတွေမှာ
လွမ်းဆွတ်မူတွေကနေရာယူလွန်းနေတယ်
လောလောလတ်လတ်ထွက်ကျလာတဲ့အလွမ်းတွေကို
ဘယ်နေရာမှာထုပ်ပိုးသိမ်းဆည်းရမှာလဲ
ရင်ဘတ်ကြီးတစ်ခုလုံးလဲလေးလံနေပြီ
သွေးလည်ပတ်မူ့မရှိတဲ့ဝေးကွာခြင်းကို
အလွမ်းနဲ့လက်ဆုပ်လက်ကိုင်ပြရမှာလား
အချစ်နဲ့အမုန်းကအမြင်စောင်းနေသလောက်
ဝေကွာခြင်းနဲ့လွမ်းဆွတ်ခြင်းကပုခုံးဖက်ပေါင်းနေတာ
သိပ်ကြည့်လို့မရတော့ဘူး.......


နှိုင်းမရ

ဒီမှာ ဒီလူ မေးပါဦးမယ်
ဝေးကွာလို့လွမ်းတာလား လွမ်းလို့ဝေးကွာတာလား
မင်းမမြင်နိုင်ခဲ့တာလား
ငါလဲသေချာတော့မသိသေးဘူး
အလွမ်းဆိုတဲ့ငနဲက
ငါ့ရင်ဘတ်ကိုဆောင့်ဆောင့်ကန်နေတယ်
လောကဓံရဲ့ ရိုက်ပုတ်ခြင်းမှာ
ငါ့ကိုငါချကျွေး မီးလျှံတွေနဲ့ငါ့ရင်ကို
မင်းမမြင်နိုင်တာလား.....
ဟေ့ကောင် လင်းလက် မင်းလိုက်မှာလား
ဝေးကွာခြင်းကိုနားရင်းသွားရိုက်မလို့
ငါ့လွမ်းခြင်းကို ကံကြမ္မာရဲ့ရိုက်ချက်က
နတ်ဆိုးတစ်ကောင်ထက်ပြင်းတယ်
မင်းတို့လွမ်းသလိုငါလွမ်းတယ်
မင်းတို့ဝေးကွာသလိုငါလဲနီးစပ်မနေခဲ့ဘူး ။    ။


ဒီလူ လင်းလက်ကြယ် နှိုင်းမရ

1 comment:

  1. မိုက်တယ်ကွာာာာာမလိမ္မာကြဘူးနော်~~ခိခိ~~
    အားပေးခံစားခဲ့တယ်~~~~~~~~~~~ဘော်ဒါကြီးသုံးယောက်ရေ~~။

    ReplyDelete

လာကြည့်ပြီးတစ်ခုခုဝေဖန်ခဲ့ပေးပါ...