♣ ဒီလူ(တောင်တွင်းကြီး)ကဗျာရှိုးမှလှိုက်လှဲစွာကြိုဆိုပါ၏ ♣


ေ ခ တ် ကြီးေ ပါ် မှာ ခု န် ဆွ ခု န် ဆွ ဖြ စ်ေ န တဲ့ ` စိ တ် ´ ဟာ ငါ့ က ဗျာ ပဲ ။ဒီလူ(တောင်တွင်းကြီး)

Tuesday, October 25, 2011

*$* ဘာလဲ *%*

ဘာလဲ
ဘာလို့လဲ
ဘာလုပ်လို့လဲ
ဘာတွေလုပ်လို့လဲ
ဘာတွေဘာဖြစ်လို့လဲ
ဘယ်သူကဘာလုပ်လို့လဲ
ဘာကိုဘယ်သူကလုပ်လိုက်လို့လဲ
သေချာပြန်မစဉ်းစားပဲ
မရေမရာပြန်နင်းသွားတဲ့လမ်းမှာညှောင့်တွေရှိတယ်
ထွေလီကာလီမစဉ်းစားနဲ့
ဧဒီ - ၂၀၀၀ နောက်ပိုင်းက
ရေမီတာဖြတ်ပိုင်းလောက်တောင်အဖိုးမတန်ဘူး
သနားပါတယ်ဆိုတာ မိမိထံရှိသမျှ အသနားခံရသူထံ ပါသွားခြင်းပဲ
ကိုယ့်လမ်းကိုလျှောက်မှတော့ခြေထောက်ပေါက်ပေါက်ပေါ့
ခုတစ်လောလူတွေကပြောတယ် ၀လာတယ်တဲ့
ငါကတော့ငါ့ကိုယ်ငါလူပါးဝလာတယ်လို့ပဲထင်တယ်
ဟိုနေ့ကတောင် ကိုယ့်စကားလုံးတွေနဲ့ကိုစကားများရန်ဖြစ်ခဲ့ရသေးတယ်
ဟူးးးးး ဘာလဲ
လာလုပ်လို့လဲ
ဘာလုပ်ခဲ့မိလို့လဲ
မေးခွန်းတွေကကိုယ့်နှဖူးပေါ်လက်တင်ဖို့ဖြစ်လာသလိုပဲ
ဟိုတုန်းကနေ့ရက်တွေအားလုံးဟာ
ရောင့်ရဲစရာနိတ္တိ ဟိုဟာမရှိ ဘာမရှိနဲ့
ခုနေ့ရက်တွေအားလုံးက လွမ်းစရာအတိနဲ့
ဘာမှမရှိတာချင်းအတူတူအသက်ငယ်တာကမှသာသေးတယ်
နာရီတွေယိမ်းထိုးနေပြီ
သေချာပြန်စဉ်းစားကြည့်တော့
မွန်းကြပ်မှုတွေကြားမြုပ်လိုက်ပေါ်လိုက်
လောကလှိုင်းဒဏ်ကြား ထိုင်လိုက် ထလိုက်
ဘာလဲ
ဘာလို့လဲ
ဘာလုပ်မိလို့လဲ
ဘာကိုဘယ်သူကလုပ်မိလို့လဲ
ဘာပြောလို့လဲ
ဘာပြောမိလို့လဲ
ဘာလဲ ဘာလဲ ။   ။

ဒီလူ(တောင်တွင်းကြီး)

No comments:

Post a Comment

လာကြည့်ပြီးတစ်ခုခုဝေဖန်ခဲ့ပေးပါ...