♣ ဒီလူ(တောင်တွင်းကြီး)ကဗျာရှိုးမှလှိုက်လှဲစွာကြိုဆိုပါ၏ ♣


ေ ခ တ် ကြီးေ ပါ် မှာ ခု န် ဆွ ခု န် ဆွ ဖြ စ်ေ န တဲ့ ` စိ တ် ´ ဟာ ငါ့ က ဗျာ ပဲ ။ဒီလူ(တောင်တွင်းကြီး)

Wednesday, October 26, 2011

** အသက်ရူမ၀တဲ့ ကဗျာ **

** အသက်ရူမ၀တဲ့ကဗျာ **

နေလုံးကြီးမြောက်တက်လာပြီး

ဘ၀တွေ တစ်ပြုံတစ်မကြီး

အနားက ၀ှီးးးး ကနဲဖြတ်ကျော်သွားတော့မှ

အသက်၀၀ရူဖို့သတိရတယ်..

အဲတော့မှ

ခေါင်းကိုအသာမော့

ရင်ကိုလဲကော့ပစ်လိုက်တယ်…

ဒီနေ့ကျမှကပ်သီးကပ်သပ်

မျှော်တလင့်လင့်နေ့ရက်တွေက

ဟိုချောင်ကပ်ဒီချောင်ကပ်

နှုတ်ခမ်းအစုံကလဲ တရွရွ…

စိတ် ကိုဧ၀ရက်တောင်ကြီးကတက်ဖိထားတယ်..

ရပ်နေသင့်သလား

ဆက်လျှောက်သွားရမလား

မေးခွန်းသံကအဖျားခတ်တုန်ခါသွားးးးသလိုလို..

စိုက်ကြည့်မိတဲ့ စကားသံတွေ

အဖတ်လိုက်အဖတ်လိုက်ကွာကျ…

နှင်းပဲရွှာရတော့မလို

မိုးပဲကျရတော့မလိုလို…

ဘာလိုလို ညာလိုလိုနဲ့ပဲ

ဘယ်သူ့ကိုမှဂရုတစိုက်စောင့်မနေတတ်တဲ့

အချိန်တွေက ဖျတ်ကနဲတောင်လှည့်မကြည့်ဘူး

ကဲ ဒီလူ

မင်းဘာလုပ်မှာလဲ …. ။  ။

ဒီလူ(တောင်တွင်းကြီး)

မှတ်ချက်။ ။ ကျွန်တော်စိတ်တွေထွေပြားပြီးဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့နေ့ကဒီကဗျာကိုရေးဖွဲ့ဖြစ်ပါတယ်...
ကျွန်တော်ကဗျာကတော့ကျွန်တော်ကိုမေးနေပြီ ... အမှန်တိုင်းပြောရရင် ကျွန်တော့်ကဗျာကမေးတဲ့ကျွန်တော့်မေးခွန်းကို
ကျွန်တော်ကိုယ်တိုင်ခုချိန်ထိအဖြေမထွက်သေးပါ...

သူငယ်ချင်းအားလုံးကိုလေးစားချစ်ခင်လျှက်
ဒီလူ(တောင်တွင်းကြီး)

No comments:

Post a Comment

လာကြည့်ပြီးတစ်ခုခုဝေဖန်ခဲ့ပေးပါ...