♣ ဒီလူ(တောင်တွင်းကြီး)ကဗျာရှိုးမှလှိုက်လှဲစွာကြိုဆိုပါ၏ ♣


ေ ခ တ် ကြီးေ ပါ် မှာ ခု န် ဆွ ခု န် ဆွ ဖြ စ်ေ န တဲ့ ` စိ တ် ´ ဟာ ငါ့ က ဗျာ ပဲ ။ဒီလူ(တောင်တွင်းကြီး)

Wednesday, October 26, 2011

*#* ဆရာကောင်ဖတ်ဖို့ *#*

ခုတလော လေထုတွေ
မသန့်စင်ဘူး
ပတ်ဝန်းကျင်ကလဲ
မှုန်ကုတ်ကုတ်နဲ့
ကိုယ်တိုင်မလုပ်နိုင်တဲ့ ဘ၀ တွေနဲ့
သူများတွေကို ပစ်ပစ်ပေါက်နေတယ်
ကိုယ့်ဒူးကိုမချွန်ပဲ သူများတကာကို
ဒူးချွန်ခိုင်းနေရဲ့…
မာနဓါတ်ခံနဲ့မာန်တွေအတွက်
ငါကတော့ ဟာသဆန်ဆန်ရယ်နေလိုက်မယ်
အတုပေးပြီးအစစ်လိုချင်တာတော့
လောဘကြီးရာများကြနေမလားလို့
အားနာတတ်တဲ့ လိုက်လျှောမှုတွေအတွက်
လူအ တစ်ယောက်တော့အဖြစ်မခံနိုင်ဘူး
နံရံနဲ့ခေါင်းနဲ့တော့မစောင့်ဘူး
ခေါင်းခေါင်းချင်းကတော့ရိုက်ပါခွဲတယ်
စိတ်တော့မရှိနဲ့
ဆရာအထာတွေကြည့်မရတတ်တာ
မွေးရာပါ ဗီဇတစ်ခုဖြစ်နေလို့…။  ။

ဒီလူ(တောင်တွင်းကြီး)

No comments:

Post a Comment

လာကြည့်ပြီးတစ်ခုခုဝေဖန်ခဲ့ပေးပါ...