♣ ဒီလူ(တောင်တွင်းကြီး)ကဗျာရှိုးမှလှိုက်လှဲစွာကြိုဆိုပါ၏ ♣


ေ ခ တ် ကြီးေ ပါ် မှာ ခု န် ဆွ ခု န် ဆွ ဖြ စ်ေ န တဲ့ ` စိ တ် ´ ဟာ ငါ့ က ဗျာ ပဲ ။ဒီလူ(တောင်တွင်းကြီး)

Tuesday, August 21, 2012

# ခေတ် #


သူလိုငါလို ဧကရာဇ်များ
ထင်သာမြင်သာ အမှားများ
ဆန္ဒဗလပွနဲ့ မောဟိုက်မူများ
မပြုံးမရယ် ညနေခင်းများ
မာယာခါးခါးများနှင့်
 အကျော်အခွများတဲ့ခေတ်ကြီးမှာပဲ
ငါ .. လူလုံးလုံးဖြစ်ခဲ့ပြီ ... ၊

ဘင်လာဒင်သေပြီ
ကဒါဖီလဲ မရှိတော့ဘူး
မျက်စိရှေ့တင်ဖြစ်ဖြစ်ပြီး
ပျက်ပျက်သွားတာကိုပဲ
ဖြစ်တည်ချင်နေကျသေးရဲ့....၊

ဘာလဲဟ
ခင်ဗျားသေချာစဉ်းစားပါ
ခင်ဗျားသေချာသုံးသပ်ပါ
ခင်ဗျားသေချာ ...........
ဘယ်လိုလဲ
အဓိပ္ပါယ်မရှိတာလား
အဓိပ္ပါယ်မသိတာလား

မဟုတ်ဘူးမပြောနဲ့လေ
လက်ညှိုးထောင်ပြီးခေါင်းငြိမ့်
ရှေ့ဆက်မသွားနဲ့
ခလုတ်တိုက်မယ်....၊

"အင်း" " ဟုတ်"
ဟာလွဲပြန်ပြီ
အိုင်တီခေတ်ကြီးထဲမှာဒါတွေမလိုဘူး


ကဲပြော...
ခင်ဗျားဘာဖြစ်ချင်လဲ
........................
........................
ဟိုးထား ။     ။

ဒီလူ(တောင်တွင်းကြီး)

No comments:

Post a Comment

လာကြည့်ပြီးတစ်ခုခုဝေဖန်ခဲ့ပေးပါ...