♣ ဒီလူ(တောင်တွင်းကြီး)ကဗျာရှိုးမှလှိုက်လှဲစွာကြိုဆိုပါ၏ ♣


ေ ခ တ် ကြီးေ ပါ် မှာ ခု န် ဆွ ခု န် ဆွ ဖြ စ်ေ န တဲ့ ` စိ တ် ´ ဟာ ငါ့ က ဗျာ ပဲ ။ဒီလူ(တောင်တွင်းကြီး)

Tuesday, August 21, 2012

*$* သိုးရေခြုံတဲ့အပြုံး *$*


ဘုမသိ
ဘမသိလက်တွဲခဲ့ကြတာမဟုတ်ဘူး
တစ်ယောက်အရည်အချင်းကို
တစ်ယောက်နှလုံးသားနဲ့ဖော်ထုတ်ပြီး
အနစ်နာခံခဲ့ကြတာ...၊
အနေအထားတစ်ခုမှာတော့
ခင်ဗျားလိုရွှေဖားမလုပ်တတ်ခဲ့ဘူး...၊
ချောင်းဆိုးရင်ကြပ်ဖြစ်နေတာ
ခင်ဗျားကျွေးတဲ့ချိုချဉ်တွေကြောင့်မှန်း
ခုမှသတိထားမိတော့တယ်...၊
လိုတုန်းကခေါ်သုံး
မလိုတော့မှပစ်မုန်းးး
ခင်ဗျားလူကြီးလူကောင်းပီသလွန်းပါတယ်...
သံယောဇဉ်အပေးမှားတဲ့ငါ့ရင်ဘတ်က
ပြုံးချင်ယောင်ဆောင်နေတဲ့အမုန်းတွေထက်တော့
ဆေးဘက်ဝင်တယ်...
စကားသံချိုချိုတွေကိုပဲသဘောကျတတ်တာ
 လူသားတွေရဲ့မွေးရာပါဗီဇဆိုရင်တောင်
ငါကတော့ လူဖြစ်ရတာရှက်တယ်..
ဟိုက် ဒီဇတ်လမ်းကြီးကလဲ
မဖြစ်ဖြစ်အောင်လုပ်ကြံထားတဲ့ထူးဆန်းမူတွေဗလပွနဲ့
မျက်စိမှိတ်ထားပေမဲ့ ခံစားတတ်တဲ့အရေပြားတွေဘာမှာသွားထားမှာလဲ
ရိုင်းပြတဲ့စကားလုံးတွေကခေတ်ကုန်သွားတာကြာပြီလေ
ပြောပိုင်ခွင့်ရှိလို့ပြောမယ်ဆိုရင်တောင်ကိုယ့်လိပ်ပြာကိုလုံဖို့လိုတယ်....
တောခြောက်သံမခို့တရို့ကြောင့်
ခင်ဗျားလိပ်ပြာသေဆုံးမသွားပါစေနဲ့....။    ။

မှတ်ချက် ။  ။ ပျင်းပျင်းရှိတာနဲ့အက္ခရာတွေသွန်ချကြည့်တာပါ....

သူငယ်ချင်းအားလုံးကိုလေးစားချစ်ခင်လျှက်
ဒီလူ(တောင်တွင်းကြီး)

No comments:

Post a Comment

လာကြည့်ပြီးတစ်ခုခုဝေဖန်ခဲ့ပေးပါ...