♣ ဒီလူ(တောင်တွင်းကြီး)ကဗျာရှိုးမှလှိုက်လှဲစွာကြိုဆိုပါ၏ ♣


ေ ခ တ် ကြီးေ ပါ် မှာ ခု န် ဆွ ခု န် ဆွ ဖြ စ်ေ န တဲ့ ` စိ တ် ´ ဟာ ငါ့ က ဗျာ ပဲ ။ဒီလူ(တောင်တွင်းကြီး)

Monday, December 24, 2012

♥*´`*•.¸♥...♥ စိတ်ကစဥ့်ကလျား ရောဂါ ♥*´`*•.¸♥...♥

အိပ်မက် မက်ချင်မှတော့ အိပ်ပျော်အောင်အိပ်လို့ဘယ်ဖြစ်မလဲ ..
စင်ပေါ်က ခလောက် နဲ့ ပလ္လင်ပေါ်ကမျောက်
သူ့ဇယား နဲ့ သူပဲ ။

မဖား နဲ့ ပုံမှန်ပဲဆက်ဆံ
မနက်ဖြန် ဆက်ရန်ရှိမရှိကို
ရေဒီယိုကလဲမကြော်ငြာဘူး
သတင်းစာထဲလဲ ပါမှာမဟုတ်ဘူး ။

ကျွန်တော်ဟာ ရှစ်မျဉ်းစောင်း ( ၈/ )တံဆိပ်ရိုက်နှိပ်ခံထိတဲ့
မြန်မာပြည်သား ...။

ခင်ဗျားတို့လိုပဲ ဒီမိုကရေစီ ဆိုတာကြီးကို
ကြားဖူး ယုံ ဖတ်ဖူး ယုံ ...
ဗွီဒီယိုကြည့်ရင်လဲ နိုင်ငံရေးဦးတည်ချက်ကို
ကျော်ကြည့် ပုံ အားလုံးအတူတူပဲ ။

ခင်ဗျား အသက်ရူနှုန်းကို အကောင်းဆုံးမြှင့်တင်ပါ
သူလိုငါလိုစိတ်ကစားပါ...။

ခင်ဗျားကော ကျွန်တော်ကော
အရေးအကြောင်းဆို ကို့ကိုယ်ကိုချစ်တဲ့ စိတ်တွေ
အိပ်မက်တွေ လာပေးရင် အိပ်မက်မက်ချင်တဲ့စိတ်တွေ
ရှိတာ သေချာတယ် ...။

ကိုယ့်ထမင်းကိုစားပြီး ၀ါးလုံးခေါင်းထဲမှာ
လ သာဖူးတယ်
ရည်းစား တစ်ယောက် နှစ်ယောက်ထားဖူးတယ်
အတွေးတွေနဲ့ အိပ်ရေးပျက်ဖူးတယ်
ငါ့ကိုငါမှ ငါထင်ဖူးတယ် ။

ဘုမသိ ဘမသိ နဲ့
ဝ မရှိ ၀ိမဖြစ်ဆိုတဲ့စကား
ခင်ဗျား လက်ခံလား ?

မနက်ဖြန်ကျရင် အရင်လိုပဲ အင်္ဂါဂြိုလ်မှာဆုံကြရအောင် ။  ။

ဒီလူ(တောင်တွင်းကြီး)

Friday, December 21, 2012

♥ လက်တွဲဖော်အတွက် သီးသန့်ရင်ခုန်သံ ♥

ငါ့နေ့စွဲတွေတဲ့ လမ်းခွဲတဲ့နေ့က

မင်းနဲ့စတွေ့ခဲ့တာပါ ကေဇင်

ငါ့ကို ငါစွန့်လွတ်ကြောင်း

သတင်းကောင်းပါးလိုက်ပါရဲ့ ။



ဒို့နှစ်ယောက် ကမ္ဘာကြီးရဲ့ အရသာကို

လက်လှမ်းမှီသလောက် ခံစားကြတာပေါ့ ။

အတိတ်တွေကို ထွေးထုတ်ပြီး

အနာဂတ်တွေကိုအတူတူ မျိုချကြရအောင် ကေဇင်

ချိုချို ခါးခါးပေါ့ .. ၊

ငါမင်းကိုဘယ်လောက်ချစ်ကြောင်း

မင်းကိုယ်စောင့်နတ်ကိုပြောမနေပါနဲ့တော့

ဓနဆိုတဲ့ ငနဲလေးနဲ့ အဆင်ပြေသွားရင်

ငါတို့အမှတ်တရနေ့လေးတွေ

စိမ်းလန်းလာမှာပါ ကေဇင် ...

လောလောဆယ်တော့တစ်ယောက်မျက်နှာ

တစ်ယောက်ကြည့်ပြီး ထမင်း၀၀စားကြတာပေါ့ ...၊

ငါသွားကိုက်နေတဲ့အခါ

မင်းက မင်းဆံပင်တွေအကြောင်းပြောပြ

မင်းက ကဗျာတွေထဲက ငါ့ကို

သီချင်းတွေနဲ့ ပစ်ပေါက်တဲ့အခါ

ငါက လှေကားအိုလေးအတိုင်းအောက်ဆင်းသွား ၊

မင်းက ပန်းပင်တွေရေလောင်းတဲ့အခါ

ငါက သီချင်းဟောင်းတစ်ပုဒ်ကိုညည်းလို့ပေါ့ ။

ဒီလိုနဲ့ပဲတချို့ကိစ္စတွေကိုငြင်းဆိုခဲ့တာပါ ကေဇင်

မင်းကိုယ်စောင့်နတ်ကိုတော့ပြောပြမနေပါနဲ့တော့

ငါတို့နှစ်ယောက်အကြောင်း မင်းနှလုံးသားနဲ့

ငါ့ရင်ဘတ်ကြီးကလွဲလို့ ဘယ်သူဘာသာပြန်နိုင်မှာမို့လဲ ။

လောကကြီးကမျက်နှာသာမပေးတဲ့ကြားက

ငါတိုကအရသာရှိအောင်နေခဲ့ကြတယ် ၊

မင်းရဲ့သံလိုက်ဓာတ်ကို ငါယုံပါတယ် ကေဇင်

စာလုံးပေါင်းအမှားတွေကိုဒီအတိုင်းထားလိုက်ပါတော့ ။

ဘာရယ်မဟုတ်

ရောက်တတ်ရာရာ ပြောဆိုခြင်းများနဲ့

ငါတို့ရဲ့အနာဂတ်ဟာ အခါးဓာတ်ကင်းစင်တော့မည်ဖြစ်ကြောင်း

မင်းကိုယ်စောင့်နတ်ကိုပြောမနေပါနဲ့တော့ ။

မင်းဟာ ငါ့ရဲ့ အရှိတရားပါ ကေဇင်

နှလုံးသားရဲ့ သယံဇာတတွေ တူးဖော်ရင်း

ဒို့(တို့) အိပ်မက်တွေရွှေအဆင်းနဲ့လင်းရအောင် ။ ။

ဒီလူ(တောင်တွင်းကြီး)

Sunday, October 21, 2012

ဝါးပြီး - ထွေးထုတ်

ခုတစ်လော ဘုတောချင်တဲ့စိတ်ကို

နေလှန်းပြီး ရေဖြန်းလိုက်တော့

ကျွန်တော်မသိတဲ့ အဓိပ္ပာယ်တွေနဲ့ ပေါက်ပြဲကုန်တယ်..၊

လူပြောများတဲ့ အမှန်တရား ဆိုတာ

ပလိုင်းပေါက်နဲ့ လိုက်ကောက်နေတဲ့ ဖားပဲ ...

သူပြောသလိုပဲ ကျွန်တော်ဟာ ကိုယ့်ထမင်းကိုစားပြီး

လူမုန်းခံတတ်တဲ့ကောင်...

အိပ်ဆေးသောက်ပြီး မျက်လုံးကြောင်နေတဲ့

ကြောင်တစ်ကောင်ကို ကြောင်တောင်တောင်ကြည့်ပြီး

ကြွက်တက်နေတဲ့ ခေတ်ကြီးထဲမှာ

ခလုတ်တိုက်လိုက် အိမ်မက် မက်လိုက်

ရေမရှိတဲ့ ချောင်းမှာ နှာခေါင်းဖော်လိုက်...

ဟိုဟာ လုပ်လိုက် ဒီဟာ လုပ်လိုက်နဲ့ပဲ

လူနဲ့တူတဲ့ သတ္တ၀ါတွေများလာတယ်... ။

ယမန်နှစ်က မိုးနဲရပ်ဝန်းမှာ ဒီနှစ် ရေတွေကြီးပြီး

လေတွေသေးသွားကြောင်း

ဟိုတစ်ယောက်ပြောတဲ့ ကောလဟာလထဲမှာကြားလိုက်ရတယ် ..။

ဒီလိုနဲ့ပဲ ဟိုးးးးးရှေးးရှေးးတုန်းကဆိုပြီး

ဒီခေတ်ကြီးအကြောင်း နောက်ခေတ်တစ်ခေတ်က

ပုံပြောပြလိုက် ပုံပြင်ပြန်ဖြစ်လိုက်နဲ့.... ။

ကိုယ့်ကိုကိုယ် အလေးပြုဖို့ မေ့နေကြတယ် ... ။   ။

                                          ဒီလူ(တောင်တွင်းကြီး)

Friday, October 5, 2012

* ဒီလူ ...ဆိုသည်မှာ *

ဒီလူကို တောင်တွင်းကြီးမဟုတ်တဲ့ မြို့တစ်မြို့မှာ စတွေ့ခဲ့တယ်၊
ဒီလူ လား ဟိုလူ လား သံသယမကင်းဖြစ်ကြသေးတယ် ၊
ဒီလူ က ဂေါ်လီအထာနဲ့  လိုင်းကားတိုးစီးတယ် ၊
ဒီလူ က ဒေးလ်ကာနက်ဂျီ နဲ့လဲ မျက်နှာကြောမတည့်ဘူး
သခင်ကိုယ်တော်မှိုင်းကိုလဲမမှီလိုက်ဘူးပြောတာပဲ ။

ဒီလူ က ကဗျာတွေကို ဘီယာနဲ့မှားမှားသောက်တယ် ၊
ဒီလူ က မနက်ဖြန်တွေထဲကို အချိန်မသိပဲခုန်ခုန်ချတယ် ၊
ဒီလူ က ရင်ဘတ်ထဲကမပါတဲ့ စကားတွေကိုကန်ကန်ထုတ်တယ် ၊
ဒီလူ က သူ့ကိုယ်သူ တောင်တွင်းကြီးသားဖြစ်တယ်ဆိုပြီး လေပေါ်ကို
မိနစ်(၂၀)လောက်ခုန်တက်သွားသေးတယ် ။

တစ်ခါကလဲပေါ်ပင်တွေလုပ်မိလို့ဆိုပြီး (၁)လလောက်ကိုယ့်ကိုကိုယ်သတ်သေသွားတယ်ဆိုလားပဲ ။

သူက ဒီလူ ဖြစ်ကြောင်း ဒီနေ့ သတင်းစာထဲမှာမပါလာဘူး.. ။

အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံစာမရှိဘူး  ။

အိမ်ထောင်စုဇယားအသစ် မလုပ်ရသေးဘူး ။

နိုင်ငံရေး နဲ့ ကဗျာ အကြောင်းကောင်းကောင်းမသိဘူး ။

ချလ်ဆီးအသင်း ချန်ပီယံလိဂ် ဖလားရတဲ့နေ့ကအိပ်ရေးမ၀တဲ့ ဒီလူ ၊
အမေစု လွပ်လာတဲ့နေ့က မျက်နှာမသစ်ဖြစ်တဲ့ ဒီလူ ၊
အဲ့ဒီ ဒီလူက ရခိုင်အရေး ကိုတောက်ခေါက်မိလို့ လျှာပြတ်သွားသေးတယ် ။

ဒီလူ ဆိုတဲ့ကောင်က ဒီစကားတွေပြောရတာ ဒီနေ့အတွက်ဖီးလ်တက်တယ်ပြောပြီး
ကိုယ်ရောင်ဖျောက်သွားတာပြန်မတွေ့ရတော့ဘူး ။

ဒီလူ ဆိုတာ ခင်ဗျားလား / ကျွန်တော်လား / မင်းလား / ငါလား သေချာမသိပေမဲ့
ဒီစကားလုံးတွေကို ဒီလူသွန်ချခဲ့လိုက်တယ် ။  ။

                                                               ဒီလူ(တောင်တွင်းကြီး)

Monday, September 10, 2012

လူ -#-အထာ (၂)

ကျွန်တော်မသိချင်သောအရာများကိုသိချင်နေပါသဖြင့် စိတ်တစ်ခြမ်းလေပြီး ခေါင်းတစ်ပိုင်းကိုက်နေသောသင့်အား
သားကျွေးမူမယားကျွေးမူ များမြောင်လှစွာသော လူတွေနေတဲ့အတ္တအဆိုင်အခဲများ တည်ရှိကုန်သော တစ်ဆက်တစ်စပ်တည်း
မမေနိုင်မပန်းနိုင် စီးဆင်း ကောက်ကွေ့ အငွေ့ပျံလွယ်သော မှုံဝါးဝါး ကြည်လင်ပြတ်သားလှစွာသော ၀ါကျ အကျိုးအကြေများနှင့်
အဆင်တန်ဆာမဲ့ ထုပ်ပိုး ရိုက်ပုတ်လိုက်သည် ။

                                                    ......      ကျန်းမာတော် မူပါစ  ......

            သင်မရိတ်မိခင်မှာ သင့်ကိုရိတ်သိမ်းသွားသော အသစ်အသစ်တွေကို လိုက်ရှာလိုက်ပါ ကိုယ့်ဆရာ.။

                                                   ......        လူ လူချင်း လူမထင်ပါ .....

ပြောရင်းဆိုရင်း တနင်္ဂနွေရဲ့ အရိပ်ကိုကြောင်ကုတ်သွားတယ်..ဖြန့်ခင်းထားတဲ့သမိုင်းအတွန့်အကြေတွေကြား အိပ်ရေးမ၀တဲ့
မျက်တွင်းဟောက်ပက်တွေပြုတ်ကြ..။

                                                  ...... သတိ - ခွေးကိုက်တတ်သည် .....

သဘောတရားအတုအယောင်တွေနဲ့ စိတ်ဓါတ် အပုတ်အသိုးများအား ကျကျနန ထုပ်ပိုးသိမ်းဆည်းထားစေချင်ကြောင်း
သတင်းကောင်းပါးလိုက်ပါသည် ။

                                                ...... အိပ်မက်လှလှ မက်ပါစေ .......

ခေတ်ထဲမှာ ခေတ်ထသွားတုန်းက မ၀ တ၀ မျက်နှာပေးနဲ့ လှလို့ပလို့ .. ဖိုးလမင်းလဲ သနပ်ခါးနံ့ သင်းတယ် ။

                    ကောင်းကင်ကအလင်းတန်းကြီးမြေကြီးပေါ်ထိုးကြသွားတိုင်းကြယ်ကြွေတယ်မထင်နဲ့လေ..မနေ့ကပဲ
အိပ်ယာဝင်ပုံပြင်တွေထဲ ခင်ဗျား ခေါက်သိမ်းခံထိတယ်မဟုတ်လား ၊ ကမ္ဘာကြီးပူနွေးလာတဲ့အဓိက တရားခံထဲမှာ...
ကျုပ်ကော ခင်ဗျားကော အားလုံးသော ခင်ဗျားးးးးးး ကျွန်တော်  ကျွန်မ မောင်ဘယ်သူ မဘယ်သူ ဘယ်ဝါ အကုန်လုံး
အကျုံးဝင်တယ်။

                  ကောင်းမှု့ထက် မကောင်းမူနဲ့ ကမ္ဘာကျော်ဖို့က ပိုခက်တယ်... ဟစ်တလာ ကိုမေးမေး ဘင်လာဒင်ကို
မေးမေးးးးးးးးး  ကဒါဖီကိုမေးမေးးး နောက်ဆုံး ကျုပ်တို့မြန်မာပြည်က ဟိုအကောင်ကြီးကိုပဲမေးမေးပေါ့ ....။

                                         ....... ယနေ့နေသာသည် ......

                                                                   ....... လူလူချင်း လူမထင်ပါ ....

                                         .......သတိ-ခွေးကိုက်တတ်သည်......

                                                                         .......မျဉ်းကြားမှကူးပါ.....

                              .... မီးလောင်လွယ်သည် ....

                                                                                                          အိပ်မက်ကြီးလှလှပပ မက်ပါစေ... ။   ။

                                                                                                                                         ဒီလူ(တောင်တွင်းကြီး)

Tuesday, August 21, 2012

!@! နားကိုက်ရောဂါထဲက ရင်ဘတ်နာဝေဒနာ !@!

နောက်ကွယ်ကအတင်းအဖျင်းတွေက
ထော်လော်ကန့်လန့်ကြီးကျွန်တော့်နားထဲကို
ခုန်ခုန်ဝင်လာတာ မမိုက်ဘူးဗျာ..။

စိတ်ကြီး ခုခုသွားတယ်.. ။

ကျွန်တော့်ခံစားချက်ကို ကျွန်တော်
ပြန်ကောက်ကောက် .. ကိုင်ပေါက်ပေါက်ပေါ့
ကျွန်တော့် မှာလဲ ပုတုဇဉ် ဗို့အားအပြည့်ရှိတာပဲ ။

ကျွန်တော့် စိတ်ဓါတ်ထဲ ခင်ဗျားသေချာပျော်ဝင်ကြည့်ပါ ..
ကျွန်တော့် ကဗျာဟာ ကျွန်တော်ပဲ..။
ကျွန်တော့်နေထိုင်မူဟာ ကဗျာ ပဲ ။

ခင်ဗျားလဲသိမှာပါ " ၀ " မရှိတဲ့ " ၀ိ "တွေကို...၊

သဒ္ဒါအဟောင်းအနွမ်းတွေနဲ့ ကျွန်တော့် ခေါင်းကို
ပစ်ပစ်ပေါက်တာတော့....မမိုက်ဘူးဗျာ..။
ကျွန်တော်အခါခါ ပြောဖူးသလိုပေါ့
" ကဗျာဆိုတာ စာတတ်တိုင်းဖတ်လို့မရဘူး" ဆိုတာ

စာလုံးပေါင်းတတ်ပြီး ကဗျာမဖတ်တတ်တဲ့ ခင်ဗျားက "ပညာတတ်ကြီး"ပေါ့
တစ်ချို့က ကျွန်တော့် ၀ါကျတွေစားပြီးပြန်အန်ထုတ်တယ်...
ခုများတော့ ဆရာကြီးအထာတွေနဲ့..။

လောလောဆယ် ကျွန်တော့် အရေပြားတွေ အယားမပြေသေးသရွှေ့
တရားမရချင်သေးဘူး..။
ပုတုဇဉ်ပီသချင်သေးတယ်..။
စကားလုံးတွေနဲ့ လေတိုက်ချင်သေးတယ်..။
ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ..။     ။

                                              ဒီလူ(တောင်တွင်းကြီး)

!@#$% ရှော့ခ်ရှိတယ် !@#$%


ကဲ.......
ဘာလုပ်မှာလဲ
ဒါကိုငါမသိဘူး
ဟုတ်တယ်ငါဘာကိုမှမသိချင်ခဲ့တာကြာပြီ
လွတ်လပ်ချင်ပေမဲ့
အဓိပ္ပာယ်ကိုသေချာမသိဘူး
တချို့က ဟုတ်သလိုလို
မဟုတ်သလိုလို စကားခပ်ပါးပါးတွေနဲ့
ငါ့အရိပ်ကိုဝင်ဝင်တိုက်တယ်..
မနေ့ကတော့စိတ်ပေါက်ပေါက်နဲ့
ဂိမ်းထဲမှာလူတွေလိုက်သတ်တယ်
ဟိုးးးးးးနေ့ကတော့ အင်တာနက်ပေါ်မှာမီးပျက်တယ်
ကမ္ဘာပေါ်မှာ မီးတောင်တွေအလုံအလောက်မရှိတာ
ခင်ဗျားးးးးတို့သတိထားမိလား
မှန်ထဲက သဘောထားတွေ
ခွမ်းကနဲကြကွဲတာကောမြင်လိုက်လို့လားးးးးး
သူသူ ကိုယ်ကိုယ် ဆိုမှတော့
သူကလဲသူ ကိုယ်ကလဲကိုယ်ပဲလေ
မဟုတ်လို့လားးးးးး
သေချာပြန်စဉ်းစား
အဲနေ့က မင်းဆီမှာနေသာပေမဲ့
ငါ့ကောင်းကင်မှာတိမ်ထူနေတယ်
ပြောတိုင်းယုံရအောင်
ငါကပုတ်သင်ညိုမှမဟုတ်တာ...
မိမိကိုကိုယ်နှိမ့်ချခြင်းဟာ
အလွယ်ကူဆုံးသောလူထင်ကြီးအောင်
ပြုလုပ်နည်းဆိုတာ မင်းကောငါကောသိတယ်
စိတ်တော့မရှိနဲ့ ကိုယ့်လူ
ဒီကဗျာဖတ်ပြီး ဓါတ်လိုက်သွားရင်တော့
ကိုယ့်ဒေါသနဲ့ကိုယ်ပဲ ... ။     ။

ဒီလူ(တောင်တွင်းကြီး)