♣ ဒီလူ(တောင်တွင်းကြီး)ကဗျာရှိုးမှလှိုက်လှဲစွာကြိုဆိုပါ၏ ♣


ေ ခ တ် ကြီးေ ပါ် မှာ ခု န် ဆွ ခု န် ဆွ ဖြ စ်ေ န တဲ့ ` စိ တ် ´ ဟာ ငါ့ က ဗျာ ပဲ ။ဒီလူ(တောင်တွင်းကြီး)

Sunday, August 23, 2015

ဒီကဗျာကိုဟို​ကောင်​​တွေရိပ်​မိသွားလို့မဖြစ်​ဘူး

!ဒီကဗျာကို ဟိုကောင်တွေရိပ်မိသွားလို့မဖြစ်ဘူး!
_____________________________

ဒီကဗျာကို ဟိုကောင်တွေရိပ်မိသွားလို့မဖြစ်ဘူး...
တစ်ယောက်နဲ့တစ်ယောက်သိုသိုသိပ်သိပ်လက်ဆင့်ကမ်းပြီးဖတ်ကြ၊
မကောင်းဆိုးဝါး တွေမရှိတဲ့ သင်္ချိုင်း ဇရပ်ထဲမှာဖြစ်ဖြစ်
လူသူအရောက်အပေါက်နည်းတဲ့တောရကျောင်းနားကအပင်ရိပ်မှာဖြစ်ဖြစ်
တစ်ယောက်တည်း အခန်းတံခါးလော့ချပြီးဖြစ်ဖြစ်
ဘာမှမဖြစ်သေးတဲ့ဟိုနေရာလေးမှာဖြစ်ဖြစ်
လူမသိသူမသိဖတ်ကြ။

ဒီကဗျာကိုဖတ်နေတဲ့အချိန်မှာ ကဗျာဖတ်တဲ့ပုံစံမျိုး နည်းနည်းမှမပေါက်စေနဲ့...
ဒီကဗျာကို ဟိုကောင်တွေရိပ်မိသွားလို့မဖြစ်ဘူး...
ဒီကဗျာထဲကအချက်အလက်တွေကငါ့အသက်နဲ့ရင်းပြီး စုဆောင်း ထားရတာ
မိဝေး ဖဝေး သေကွဲ ရှင်ကွဲတွေ ကွဲပြီးမှရလာတာ
ကိုဗဟိန်းကနေ ကျော်ကိုကိုအထိလက်ဆင့်ကမ်းပြီးမှရလာတာ
ဒီကဗျာထဲမှာ
သမိုင်းတွေပါတယ်|ပထ၀ီ တွေပါတယ်|ဘောဂဗေဒတွေပါတယ်
အဖိနှိပ်ခံလူထုတစ်ရပ်လုံးပါတယ်|ခေတ်အဆက်ဆက် အရေးတော်ပုံတွေပါတယ်...
ဒီကဗျာကို ဟိုကောင်တွေရိပ်မိသွားလို့မဖြစ်ဘူး...
ဒီကဗျာထဲမှာ ဗိုလ်ချုပ် ကနေ သူ့သမီးလေးထိ `၀´တွေ`၀ိ´တွေ ပါတယ်...
ဒီကဗျာထဲက တောက် ခေါက်သံတွေသူတို့မကြားစေနဲ့
ဒါမှ သူတို့မရိပ်မိခင် ငါတို့ရိတ်သိမ်းလို့ရမှာ
ဒါမှ ငါတို့တော်လှန်ရေးကို သူတို့ အပျော်ကြံမပြေးမှာ
တစ်ယောက်နဲ့တစ်ယောက်သိုသိုသိပ်သိပ်လက်ဆင့်ကမ်းပြီးဖတ်ကြ၊
စကားဝှက်သုံးပြီးသူ့လူကိုယ့်လူခွဲကြ
တစ်ယောက်ဒုက္ခတစ်ယောက်ထွေးပွေ့ကြ

ဒီကဗျာကို ဟိုကောင်တွေရိပ်မိသွားလို့မဖြစ်ဘူး...

ဒီကဗျာထဲမှာ

ရှိသမျှဘုရားတွေအကုန်ပါတယ် \ရှိသမျှနတ်တွေအကုန်ပါတယ်
အဆင်ပြေ သလိုကိုးကွယ်ကြ\ဆုတောင်းကြ(နားပူနားဆာ တိုက်ကြ)

ဒီကဗျာထဲမှာ လက်ဝဲ လက်ယာ ကအစကိုယ်လက် အင်္ဂါ အစုံပါတယ်
အတွေးအခေါ်အဟောင်းတွေပါတယ်(သင်ခန်းစာ ယူဖို့)
ဒီကဗျာကို လုံးဝမိတ္တူမပွားနဲ့ အန္တရယ်များတယ်
ကိုယ့်အချင်းချင်းစကားဝှက်နဲ့လက်ဆင့်ကမ်းကြ
ဟိုကောင်တွေမရိပ်မိစေနဲ့
အဲဒီကောင်တွေကခွေးထက်မိုက်တဲ့ခွေးသိက္ခာကျကောင်တွေ...
ဒီကဗျာထဲကမေတ္တာတရားကိုဒီကောင်တွေကိုမပေးမိစေနဲ့
ငါ့တို့အချင်းချင်းခွဲဝေသုံးဖို့\လက်ဆင့်ကမ်းဖို့
တစ်ယောက်နဲ့တစ်ယောက်သိုသိုသိပ်သိပ်လက်ဆင့်ကမ်းပြီးဖတ်ကြ၊
နောက်ဆုံးဖတ်တဲ့တစ်ယောက်ကမီးရှို့ဖျက်စီးပြစ် အန္တရယ်များတယ်

ဟိုကောင်တွေရိပ်မိလို့မဖြစ်ဘူးဒီကဗျာကို ။ ။

                        ဒီလူ(တောင်တွင်းကြီး)

No comments:

Post a Comment

လာကြည့်ပြီးတစ်ခုခုဝေဖန်ခဲ့ပေးပါ...