♣ ဒီလူ(တောင်တွင်းကြီး)ကဗျာရှိုးမှလှိုက်လှဲစွာကြိုဆိုပါ၏ ♣


ေ ခ တ် ကြီးေ ပါ် မှာ ခု န် ဆွ ခု န် ဆွ ဖြ စ်ေ န တဲ့ ` စိ တ် ´ ဟာ ငါ့ က ဗျာ ပဲ ။ဒီလူ(တောင်တွင်းကြီး)

Sunday, August 23, 2015

ဒုက္ခ​တွေအုန်းအုန်းထလို့

!ဒုက္ခ တွေ အုန်းအုန်းထလို့!
...............................

အမှန်က

အဲဒီတက်လာတဲ့ရေတွေနဲ့ အာဏာရှင်စနစ်ကြီးမျောပါသွားရမှာ

ခုတော့

ရန်သူမျိုး(၅)ပါးကမျက်နှာလိုက်တယ်အမေ

ဒုက္ခ လို့ဆိုလိုက်တာနဲ့

ကျွန်တော်တို့ကိုပဲပြေးပြေးဆောင့်တယ်

ကျွန်တော်တို့ရောက်နေတဲ့

လူ့ပြည်လူ့ရွာ ဆိုတာ ဒါကြီးလား အမေ ။ ။

                          ဒီလူ(တောင်တွင်းကြီး)

နာ​ရေး​ကြော်​ငြာ



ကျွန်တော်

ပိုးစိုးပက်စက်ကောင်းတဲ့ကဗျာတစ်ပုဒ်ရေးနေပါတယ်

ဘယ်လောက်ထိအောင်ကောင်းလဲဆိုရင်
သူ့ထက်ကောင်းတဲ့ကဗျာတောင်သူ့လောက်မကောင်းဘူး။

ဒီကဗျာဟာမြန်မာပြည်ကြီးဖြစ်သလို
ကမ္ဘာကြီးလဲဖြစ်ပါတယ်။

ဒီကဗျာထဲမှာ
ကမ္ဘာ့ကုလသမဂ္ဂပါမယ်

မငြိမ်းချမ်းသေးတဲ့ငြိမ်းချမ်းရေးစားသောက်ပွဲတွေပါမယ်
အပွင့်တွေဆိုင်မယ်
ပြင်မယ်မပြင်ဘူးငြင်းမယ်

ရွေးကောက်ပွဲနီးရင်တိုင်ပြည်နဲ့လူမျိုးကို
ပိုးစိုးပက်စက်ချစ်ပြတာတွေပါမယ်

ကျောင်းသား/ပြည်သူ/သံဃာကို
ဥပဒေနဲ့အညီအညှိုးကြီးကြီးရိုက်နှက်ဖမ်းတာတွေပါမယ်

ထမင်းတစ်နပ်လျှော့စားခိုင်းတာကအစ
ပါးရိုက်တာအဆုံး ဟာသပျက်လုံးတွေပါမယ်။

ကွန်မြူနစ်ဆေးခါးကြီးတိုက်တာပါမယ်

စောက်ကြွေးတင်မယ်

စောက်ရှက်ကွဲမယ်

ပိုးစိုးပက်စက်အာဏာရူးမယ်

ဒေါသထွက်နေတဲ့လူအုပ်ကြီးပါမယ်

တာဝန်လက်ပတ်နဲ့အမှီးနှံ့ပြတာတွေပါမယ်

ဟိုဟာတွေပါမယ်

ဒီဟာတွေပါမယ်

မိဘပြည်သူများမပါဘူး။

ဒီလူ(တောင်တွင်းကြီး)

Friday, March 20, 2015

*ဗလာစာရွက်*

*ဗလာစာရွက်*

စာမျက်နှာ(၁)

ဘောပင်အသစ်နဲ့အတိတ်အဟောင်းတွေကိုချရေးတော့

မှင်ရောင်ကိုမမှတ်မိဘူး

အနာဂတ်တွေမျက်နှာထထသစ်တယ်

စာမျက်နှာ(၂)

ကဗျာက ကဗျာကိုမထီမဲ့မြင်နဲ့

ဂီတာတီးပြီးအိပ်ပျော်သွားတယ်

ထို့ကြောင့်

ဤကဲ့သို့

စာမျက်နှာ(၃)

အချစ် အမုန်း သစ္စာတရား

မှင်အရောင်သုံးမျိုးသုံးပြီး

မျဉ်းတားတာတောင်

ကတိမတည်ဘူး

စာမျက်နှာ(၄)

ကြယ်တွေကိုပဲထိုင်မျှားပြစ်လိုက်တယ်

နေ့ခင်းကြောင်တောင်ကြီး

စာမျက်နှာ(၅)

ကိုယ့်အရေပြားကိုခြုံပြီး

တိမ်းစောင်းပြစ်လိုက်တာ

မေးခွန်းတွေခြစားကုန်တယ်

ဟုတ်တယ်

စာမျက်နှာ(၆)

စိတ်ရှိလက်ရှိလောင်ကျွမ်းပြစ်လိုက်ကြ

ငါတို့ဟာ

ပစ္စုပန်ရဲ့လက်ဖျံပေါ်မှာရွာကြနေတဲ့

မိုးစက်တွေ...

စာမျက်နှာ(၇)

ဖတ်ထားမိသမျှစာလေးတွေကို

ကျစ်ကျစ်ပါအောင်ဆုပ်ပြီး

လူရာဝင်ပြစ်လိုက်တယ်

သောက်ဖော်စားဖက်တွေရဲ့စားပွဲပေါ်မှာ

မာယာလတ်လတ်ဆတ်ဆတ်တွေတင်လို့ ။


စာမျက်နှာ(၈)

ငါ့ကိုယ်ငါပြန်မေးတဲ့အဓိပ္ပါယ်တွေနဲ့

ငါဟာ တိုင်ပတ်နေတဲ့ အိမ်မြှောင်

စာမျက်နှာ(၉)

နမော တဿ

ဘဂဝတော

အရဟတော

သမ္မာသမ္ဗုဒ္ဓဿ


စာမျက်နှာ(၁၀)

ငါ့ အိုဇာတာက

ဗေဒင်ဆရာရဲ့ မဟာဘုတ်မှာ

တွဲလောင်းချိတ်လို့

စာမျက်နှာ(၁၁)

ဒို့အရေး ဒို့...အရေးဆိုမှတော့

ခင်ဗျားအပူဘာပါလဲ

စာမျက်နှာ(၁၂)

ကျွန်တော်ဘာဖြစ်ချင်တယ်ဆိုတာ

ထည့်ပြောမနေတော့ပါဘူး။ ။

ဒီလူ(တောင်တွင်းကြီး)

*!* မဲ့ပြုံး*!* __________ ဒီလူ(တောင်တွင်းကြီး) ___________________

ဘော်ဒါတစ်ကောင်မော့သောက်ခဲ့တဲ့
အမှန်တရားအတုံးအခဲကြီးတွေနဲ့

ပစ်ချလိုက်တဲ့မနက်ဖြန်က
ကောင်းကင်စော်နံတယ်။

ယမ်းငွေ့ မသေသေးတဲ့
ဘဝ ပူပူလေးတွေတွေ့ ရင်
ငါက..ဟိုချီမင်းဖြစ်လိုက်
ချေဂွေဗားရားဖြစ်လိုက်နဲ့

အိပ်မက်ထဲမှာအော်အော်ငိုနေရတယ်။

ဟောဒီမှာ...
သမိုင်းစာအုပ်ထဲကသွေးညှီနံ့တွေ

ဟောဒီမှာ...
တစ်နေ့လုပ်တစ်နေ့စားမဲ့ပြုံးတွေ

ဟောဒီမှာ...
မပျော်ခြောက်လ ပျော်ခြောက်လအနာဂတ်တွေ

ဟောဒီမှာ...
ဝယ်ချင်ဝယ် မ၀ယ်ချင်နေ အမှန်တရားတွေ

ဟောဒီမှာ...
ကလေးကစားကွင်းထဲက
တိုက်ပွဲခေါ်သံတွေ

ဟောဒီမှာ...
စောက်ရှက်မရှိတဲ့ စောက်ရှက်တွေ

ဟောဒီမှာ...
ကျည်တောက်စွပ်မရတဲ့
ကိုယ်ကျင့်တရားတွေ

ဟောဒီမှာ...ဟောဒီမှာ...ဟောဒီမှာ...

ဆူညံနေတဲ့မာယာအတွန့်အကြေတွေကြား
လောကပါလတရားကို
မမှီမကန်းကုတ်ခြစ်ကြည့်ရတယ်...
သေချင်စော်နံတဲ့
စိတ်ဓာတ်မပျော့မမာကြီးနဲ့
အပူအပင်မကင်းတဲ့
လူမြင်ကွင်းကြီးနဲ့

စိတ်ကြီးနဲ့ငါကြီးနဲ့လေပါတယ်။ ။

ဒီလူ(တောင်တွင်းကြီး)

*ငါတို့​ခေတ်​ရဲ့ သူရဲ​ကောင်းအသစ်​​တွေ*


စိတ်​ဓာတ်​တစ်​ဖွာနှစ်​ဖွာစာေ
လာက်​နဲ့
လိပ်​စာ​ပျောက်​​နေတဲ့ လိပ်​ပြာ ၊
ငါ့သတိကို ငါဖိထားတယ်​။

ရပ်​တည်​ချက်​ဆိုတာ
လူတစ်​​ယောက်​အတွက်
အပြင်းထန်​ဆုံးအတ္တ ဆို​ပေမဲ့
ရှေ့   ကမ​သေ​ကောင်းမ​ပျောက်​​ကောင်းကြယ်​​တွေကို
တိတ်​တိတ်​​လေးထိုင်​မျှား​နေလိုက်​တယ်​။

ဒီ မို က ​ရေ စီ တဲ့  အဟက်

နေ​လောင်​​နေတဲ့အပြုံးကြီးနဲ့
ခြောက်​ကပ်​ကပ်​ထရယ်​တယ်​...
ဘယ်​သူလဲ ဘယ်​သူလဲ
ရယ်​(ရီ)တာဘယ်​သူလဲ
အဲဒီလို​မေးပြီး ရှုံ့တွကုန်​တဲ့​မေးခွန်း​တွေ ။

တွေ့လား

ဗိုလ်​​အောင်​​ကျော်​စိတ်​ဓာတ်​ကိုစလွယ်​သိုင်းထားတဲ့​ကျောင်းသား​တွေ

တွေ့  လား

အောင်​ဆန်း​သွေးနဲ့ခုတ်​​မောင်းလာတဲ့ခွပ်​​ဒေါင်း​တွေ

တွေ့   လား   ​တွေ့    လား

ငါတို့​ခေတ်​ရဲ့  သူရဲ​ကောင်းအသစ်​​တွေ

ယုံကြည်​မှုတွေစိုရွှဲလို့ ။

ကမူးရူးထိုး​ပြေးဝင်​လာတဲ့အတင်းအဖျင်း​တွေ
အလဲလဲ အကွဲကွဲ...
သံသယမျက်​လုံး​တွေက
မလင်းတလင်းလမ်း​ပေါ်မှာတို့လို့တွဲ​လောင်း။

ကြည့်​စမ်း

ယုံကြည်​ချက်​ကိုထမ်းပြီး​လျှောက်​လာတဲ့ ​ခြေလှမ်း​တွေ ...

ကြည့်​စမ်း

ကီးညှိဖို့မလိုတဲ့ ရမ်​သမ်​​တွေ...

ကြည့်​စမ်း  ကြည့်​စမ်း
ဘယ်​​လောက်​များလှသလဲ
အ​ရေး​တော်​ပုံအသစ်​နဲ့
သမိုင်းသစ်​​ရေး​နေကြတဲ့
ငါတို့ ​ခေတ်​ရဲ့  သူရဲ​ကောင်းအသစ်​စက်​စက်​​လေး​တွေ ။ ။

ဒီလူ(​တောင်​တွင်းကြီး)

{ဤကဗျာဖြင့်​အ​ရေး​တော်​ပုံ​ကျောင်းသားများအား
အ​လေးပြုလိုက်​ပါတယ်}

Sunday, May 4, 2014

*!* သမိုင်းတွေ ရိုင်းသွားတဲ့နိုင်ငံ *!*

ကြည့်စမ်းပါဦး
ငါတို့ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး
ကတုန်ကယင်နဲ့ အဖျားတွေတက်လို့။

ရာသီစာတွေအကုန်လုံး
ဆိုးဆေးနဲ့ အချိုမှုန့်နဲ့ ဟင်းခတ်အမွှေးအကြိုင်နဲ့
အရိုးပြိုင်းပြိုင်းထကုန်တယ်။

တက်ရုံတက်တတ်ပြီး ပြန်မဆင်းတတ်တဲ့
ကုန်ဈေးနှုန်းလို လူတွေ
သေမလို ရှင်မလို နဲ့ မသေမရှင် လူတွေ
လူတွေ...လူတွေ...လူနဲ့တူတဲ့ လူတွေ။

ငါတို့အားလုံး အလိုမတူပဲ မုဒိန်းကျင့်ခံရတယ်

ငါတို့နှာခေါင်းပေါ်တက်ပြီး အသက်ကို လုရှူခံရတယ်

ခံရတယ် ခံရတယ် ခံရတယ်။

ခံရတာတွေများလာတော့

ငါတို့ အားလုံး

မျိုးချစ်စိတ် ဆိုတာကြီးကို သံသယရှိလာကြပြီ။

Clean Government / Good Government ဆိုတာကြီးကို သံသယရှိလာကြပြီ။

ဒီမိုကရေစီ ဆိုတာကြီးကို သံသယ ရှိလာကြပြီ။

ငါတို့ရဲ့

မသေကောင်း မပျောက်ကောင်းနိုင်ငံတော်ကြီး

ငါတို့ရဲ့

ရင်နာလေ ပိုချစ်လေ နိုင်ငံတော်ကြီး

ငါတို့ရဲ့

နိုင်ငံတော် အလံအသစ်နဲ့ နိုင်ငံတော်ကြီး

ငါတို့ရဲ့

စစ်ပွဲတွေနဲ့ နိုင်ငံတော်ကြီး

ငါတို့ရဲ့

မြေပုံအညွှန်းပြောင်းရတော့မဲ့ နိုင်ငံတော်ကြီး

ဟိုကြောက်ရ ဒီကြောက်ရ နဲ့ သမိုင်းတွေရိုင်းကုန်တဲ့နိုင်ငံတော်ကြီး

ကြည့်စမ်းပါဦး

တောက် ခေါက်လို့ ပြတ်သွားတဲ့ လျှာတွေ
အသံဝင်သွားတဲ့ ပါးစပ်တွေ အားလုံး

မကြားချင်ယောင်ဆောင်တဲ့ နားတွေ
မမြင်ချင်ယောင်ဆောင်တဲ့ မျက်လုံးတွေကြောင့်

အသေအပျောက်များကုန်တော့တယ် ။  ။

ဒီလူ(တောင်တွင်းကြီး)

Sunday, January 19, 2014

*@* ခစ် ခေတ် ခစ် *@*

လူစကားနားမလည်တဲ့ခေတ်

ကြောင်တောင်တောင်ခေတ်

အယောင်ဆောင်ခေတ်

မပြောင်မယောင်ခေတ်

ဖွတ်ခေတ် ဖွခေတ် ဖာခေတ်

မီဒီယာခေတ် စီနီယာခေတ် ပလီပလာခေတ်

ဖော်ခေတ် မော်ခေတ် ကတော်ခေတ်

စားခေတ် ဖားခေတ် ဝါးခေတ်

ပါတီခေတ် နာဇီခေတ် ချာပါတီခေတ်

မဲခေတ် ဆဲခေတ် ဖြဲခေတ်

ခစ် ခစ် ခစ်

မပြောင်မယောင်ခေတ်

အယောင်ဆောင်ခေတ်

ကြောင်တောင်တောင်ခေတ် ။ ။

ဒီလူ(တောင်တွင်းကြီး)