♣ ဒီလူ(တောင်တွင်းကြီး)ကဗျာရှိုးမှလှိုက်လှဲစွာကြိုဆိုပါ၏ ♣


ေ ခ တ် ကြီးေ ပါ် မှာ ခု န် ဆွ ခု န် ဆွ ဖြ စ်ေ န တဲ့ ` စိ တ် ´ ဟာ ငါ့ က ဗျာ ပဲ ။ဒီလူ(တောင်တွင်းကြီး)

Wednesday, March 6, 2013

@ သို့... ပစ္စုပန် မှ... အနာဂတ် @


ဘာကြီးလဲ
မနက်အိပ်ယာထ မျက်နှာသစ် ညအိပ်ယာဝင်ခြေထောက်ဆေး နဲ့
ဟိုနေရာမှာ စစ်ဖြစ်နေတယ် ဟိုနေရာမှာ စေ့စပ်ညှိနှိုင်းနေတယ်..
ဆိုသူကဆို ငိုသူကငို ပျော်သူကပျော် အော်သူကအော်
ငါတို့ နေနေကြတာ နေမပူဘူးလား ၊
ကိုယ့်အရိပ်ကိုဆုပ်ဖြဲပစ်ပါ ။

မင်းလဲလူပဲ သားကြီးရာ လက်ဘက်ရည်ဖိုးပိုက်ဆံတတ်နိုင်ရင်
လ ကမ္ဘာကို အချိန်ပိုင်းတက်သိမ်းလို့ရတယ်...တစ်ခုခုဆို ဆုတောင်းလိုက်ပေါ့ ။

ငါတို့ဟာ ငါတို့ ကဗျာတွေလိုပဲ ဘယ်တံဆိပ် ရိုက်နှိပ်ရမှန်းမှမသိတာ
နှာခေါင်းကထွက်တဲ့ နှပ်ချေးဖတ်နဲ့ အိုဇုန်းလွှာလဲတက်မဖာနိုင် ။

သွေးပြန်ကြော  တချို့ အေးခဲကုန်ပြီ သူငယ်ချင်း ။

မင်းမသိလိုက်ဖူးမဟုတ်လား
ဟိုတစ်နေ့က မိုးလေ၀သ သတင်းထဲမှာ ဇတ်လမ်းဆုံးသွားတဲ့အမှတ်အသားတစ်ခုအကြောင်း
အတိုချုံးပြောရရင် ငါ့အသက် ၂၉ နှစ် ပြည့်တော့မယ်သူငယ်ချင်း မင်းလဲသေးသေးလေးမှ
မဟုတ်တော့တာ ပြက္ခဒိန်ကိုင်ပြီး တက်စရာရှိတက် ဆင်းစရာရှိဆင်းကြယုံပေါ့ ။

နောက်ကကျော်တက်သွားတာက မင်းမသိသေးတဲ့ မနက်ဖြန်တွေပဲဖြစ်ပါလိမ့်မယ်
ဘာစိတ်ပူနေစရာလိုလဲ သူငယ်ချင်းရယ် ငိုစရာတွေ့ ငို ပျော်စရာတွေ့ပျော်
၀၀ လင်လင်အိပ်မက်မက်ကြတာပေါ့ ။

အနည်းဆုံးတော့ တံခါးပိတ်တတ်မှာပါ...
ခင်ဗျားအတွက်အဆင်သင့်ဖြစ်နေပါပြီ ဘာညာပေါ့ ။

ပြီးတော့လဲ လူပျောက်ကြော်ငြာထဲကလူလို ရောက်ရာအရပ်ကပြန်လာ
တကယ်တော့အစကတည်းက မလိုတမာ စကားပြောမဲ့အစား အသက်ကို
အပ်ချည်ကြိုးနဲ့ဆွဲချုပ်လိုက်ရမှာ။

လူပြောသူပြောများတဲ့ တချို့ ကိစ္စတွေကဘာမှမဟုတ်ဘူးသူငယ်ချင်း ။

အရင်လိုပဲအချိန်တွေက အပြောင်းအလဲမြန်တုန်းပဲ... ခုဆိုငါတို့ကမ္ဘာကြီးက
အရင်ထက်ပိုပူလာပြီ ...မင်းမေ့နေလို့ဖြစ်မှာပါ သေသွားတဲ့ ငါတို့သူငယ်ချင်းလဲ
ရေကူးတတ်တယ်ဆိုတာ ။

လူတိုင်းလူတိုင်း တစ်ယောက်ပါးစပ်ပေါက်ထဲတစ်ယောက်ဝင်ရောက်ပျောက်ကွယ်သွားပုံ
မြွေလည်းမကြောက် ကင်းလည်းမကြောက် ကိုယ့်ပေါင်ကိုလှန်ထောင်းပြီး
အသက်ကိုလုရှင်ကြရတယ်...ဘာကြီးလဲ မနက်အိပ်ယာထ မျက်နှာသစ်
ညအိပ်ယာဝင်ခြေထောက်ဆေးနဲ့ ... ။    ။

                                                                  ဒီလူ(တောင်တွင်းကြီး)

Monday, January 21, 2013

/// ကော်လံမပါတဲ့ဦးခေါင်းပေါ်ကလက်ဖျံ \\\

ကျွန်တော် မထွက်လို့မဖြစ်တော့ဘူး ကျွန်တော်မထွက်လို့တကယ်ကိုမဖြစ်တော့ဘူး
လမင်းကိုပုရွက်ဆိတ်ကိုက်တဲ့နေ့ကထွားထွားကြိုင်းကြိုင်းကြီးကိုပိန်လို့လှလို့ဝလို့
ဘယ်သူလဲ ဘယ်သူလဲ လန့်နိုးခဲ့တဲ့အိပ်မက်တွေထဲ ရေပ်ါလမ်းလျှောက်တာလား
လေပေါ်ဝမ်းမှောက်တာလား သင်ခဲ့တဲ့သင်ခန်းစာထဲမှာ Punkသီချင်းတစ်ပုဒ်ထိုင်ငို
ဆေးရုံခုတင်ပေါ်ကဆရာဝန်ကိုဗေဒင်မေးရအုန်းမယ်

ကောင်းသောညပါ

လာရောက်ထိနမ်းစုပ်မြိုမှုကိုခံလိုက်ရတဲ့ ခေါင်းလောင်းသံတွေသူ့ရင်မှာ
ပဲ့တင်ထပ်နေခဲ့တယ် အလည်အပတ်ရောက်လာတဲ့အိမ်ရှင်တွေအတွက်
လက်သီးလှလှတစ်ခွက်ဖျော်တိုက်လိုက်ပါ....

သူ့စတိုင်ဖမ်းထားတဲ့ဟိုကောင့်မျက်ခွက်ကြီးကို ရှောက်သီးသုတ်နဲ့လက်သုတ်ပုဝါနဲ့
ခရိုနီ နဲ့ မိုနိုပိုလီနဲ့(အမဲသားပဲကျွေးလိုက်ပါ)
အစတုန်း(တုံး/ဒုန်း)ကတော့ဟိုအရင်ကတော့ ရှိသည် ဖြစ်သည် ဖြစ်ကြသည်
ဖြစ်ခဲ့ကြသည် ထို့ကြောင့် ထိုသို့လုပ်လိုက်သည်ဆိုတာ ခွေးစကားပြောတဲ့
တောက်တဲ့ ပဲ...
ကိန်းဂဏန်းတွေပွရောင်းရောင်း လေရဲ့ အထီးကျန်မှုနဲ့ ဖုန်မှုန့်တွေစွန်းပေကပ်ငြိနေတဲ့
စရိုက် ငမိုက်ဟောင်းများကို သဲသောင်ပြင်ပေါ်ပြန်ချထားခဲ့....
မြင်နေ ထိတွေ့နေသမျှအရာအားလုံး ပိုမိုနက်ရှိုင်းစွာ ကျွန်တော့် ၀မ်းဗိုက်ထဲတိုးဝင်လို့
သေးငယ်ပြီး ဖမ်းယူလို့မရနိုင် ...

စာရွက်လွတ်ပေါ်မှာတော့ အရှိန်သေအောင်သတ်ထားတဲ့ မုန်တိုင်းတစ်ခု ။  ။

                                                   ဒီလူ(တောင်တွင်းကြီး)

Saturday, January 19, 2013

*#* ကျွန်တော်နေထိုင်သောအရပ်ဒေသ *#*

ဘာမှမသိခင်အချိန်ထိ ခင်ဗျားတို့လုပ်ရပ်တွေလှခဲ့ပါတယ် ..
ဒီလိုတော့လဲ မဟုတ်ဘူးလေ
မနေ့ကပဲ ဂျာနယ်ထဲမှာသူ့ကိုတွေ့လိုက်ပါတယ်၊
ဟိုကိစ္စကတော့မကောင်းဘူးဗျာ
လူတော့လူပေါ့ ဒါပေမဲ့ ခွေးစိတ်ပေါက်သလိုကြီး
မပြောမရှိနဲ့ဗျ ဟိုနှစ်ကောင်ဇာတ်သိမ်းသွားတာသူ့ပယောဂမကင်းဘူးဆိုလားပဲ
မသိပါဘူးဗျာ....သူတို့ပြောသလို ဟိုကိစ္စကိုခေါင်းရှောင်လိုက်တယ်ထင်လို့...
ဘယ်သူမြှောက်ပေးလို့ဂွေးတက်အောင်ကနေရတာလဲဗျာာာာာာာာာာာာာ
စိတ်ကြီးလဲလေပါတယ်...အဲဒါအိမ်ကြက်ချင်းအိုးမဲသုတ်တိုက်တာဗျ..

ခွီးးးးးးးးးးးမှပဲ..........

ဘယ်သူ့ကိုဆဲလို့ဆဲမှန်းမသိရအောင်ခင်ဗျားမျက်ခွက်ကြီးပြောင်ပဲပြောင်နိုင်လွန်းတယ်
ယောင်တောင်ပေါင်တောင်နဲ့၂၀၁၃ဆိုတဲ့ပြက္ခဒိန်ကိုတော့နံရံမှာချိတ်လိုက်ပြန်ပြီ ။  ။

                                                                                     ဒီလူ(တောင်တွင်းကြီး)

Monday, December 24, 2012

♥*´`*•.¸♥...♥ စိတ်ကစဥ့်ကလျား ရောဂါ ♥*´`*•.¸♥...♥

အိပ်မက် မက်ချင်မှတော့ အိပ်ပျော်အောင်အိပ်လို့ဘယ်ဖြစ်မလဲ ..
စင်ပေါ်က ခလောက် နဲ့ ပလ္လင်ပေါ်ကမျောက်
သူ့ဇယား နဲ့ သူပဲ ။

မဖား နဲ့ ပုံမှန်ပဲဆက်ဆံ
မနက်ဖြန် ဆက်ရန်ရှိမရှိကို
ရေဒီယိုကလဲမကြော်ငြာဘူး
သတင်းစာထဲလဲ ပါမှာမဟုတ်ဘူး ။

ကျွန်တော်ဟာ ရှစ်မျဉ်းစောင်း ( ၈/ )တံဆိပ်ရိုက်နှိပ်ခံထိတဲ့
မြန်မာပြည်သား ...။

ခင်ဗျားတို့လိုပဲ ဒီမိုကရေစီ ဆိုတာကြီးကို
ကြားဖူး ယုံ ဖတ်ဖူး ယုံ ...
ဗွီဒီယိုကြည့်ရင်လဲ နိုင်ငံရေးဦးတည်ချက်ကို
ကျော်ကြည့် ပုံ အားလုံးအတူတူပဲ ။

ခင်ဗျား အသက်ရူနှုန်းကို အကောင်းဆုံးမြှင့်တင်ပါ
သူလိုငါလိုစိတ်ကစားပါ...။

ခင်ဗျားကော ကျွန်တော်ကော
အရေးအကြောင်းဆို ကို့ကိုယ်ကိုချစ်တဲ့ စိတ်တွေ
အိပ်မက်တွေ လာပေးရင် အိပ်မက်မက်ချင်တဲ့စိတ်တွေ
ရှိတာ သေချာတယ် ...။

ကိုယ့်ထမင်းကိုစားပြီး ၀ါးလုံးခေါင်းထဲမှာ
လ သာဖူးတယ်
ရည်းစား တစ်ယောက် နှစ်ယောက်ထားဖူးတယ်
အတွေးတွေနဲ့ အိပ်ရေးပျက်ဖူးတယ်
ငါ့ကိုငါမှ ငါထင်ဖူးတယ် ။

ဘုမသိ ဘမသိ နဲ့
ဝ မရှိ ၀ိမဖြစ်ဆိုတဲ့စကား
ခင်ဗျား လက်ခံလား ?

မနက်ဖြန်ကျရင် အရင်လိုပဲ အင်္ဂါဂြိုလ်မှာဆုံကြရအောင် ။  ။

ဒီလူ(တောင်တွင်းကြီး)

Friday, December 21, 2012

♥ လက်တွဲဖော်အတွက် သီးသန့်ရင်ခုန်သံ ♥

ငါ့နေ့စွဲတွေတဲ့ လမ်းခွဲတဲ့နေ့က

မင်းနဲ့စတွေ့ခဲ့တာပါ ကေဇင်

ငါ့ကို ငါစွန့်လွတ်ကြောင်း

သတင်းကောင်းပါးလိုက်ပါရဲ့ ။



ဒို့နှစ်ယောက် ကမ္ဘာကြီးရဲ့ အရသာကို

လက်လှမ်းမှီသလောက် ခံစားကြတာပေါ့ ။

အတိတ်တွေကို ထွေးထုတ်ပြီး

အနာဂတ်တွေကိုအတူတူ မျိုချကြရအောင် ကေဇင်

ချိုချို ခါးခါးပေါ့ .. ၊

ငါမင်းကိုဘယ်လောက်ချစ်ကြောင်း

မင်းကိုယ်စောင့်နတ်ကိုပြောမနေပါနဲ့တော့

ဓနဆိုတဲ့ ငနဲလေးနဲ့ အဆင်ပြေသွားရင်

ငါတို့အမှတ်တရနေ့လေးတွေ

စိမ်းလန်းလာမှာပါ ကေဇင် ...

လောလောဆယ်တော့တစ်ယောက်မျက်နှာ

တစ်ယောက်ကြည့်ပြီး ထမင်း၀၀စားကြတာပေါ့ ...၊

ငါသွားကိုက်နေတဲ့အခါ

မင်းက မင်းဆံပင်တွေအကြောင်းပြောပြ

မင်းက ကဗျာတွေထဲက ငါ့ကို

သီချင်းတွေနဲ့ ပစ်ပေါက်တဲ့အခါ

ငါက လှေကားအိုလေးအတိုင်းအောက်ဆင်းသွား ၊

မင်းက ပန်းပင်တွေရေလောင်းတဲ့အခါ

ငါက သီချင်းဟောင်းတစ်ပုဒ်ကိုညည်းလို့ပေါ့ ။

ဒီလိုနဲ့ပဲတချို့ကိစ္စတွေကိုငြင်းဆိုခဲ့တာပါ ကေဇင်

မင်းကိုယ်စောင့်နတ်ကိုတော့ပြောပြမနေပါနဲ့တော့

ငါတို့နှစ်ယောက်အကြောင်း မင်းနှလုံးသားနဲ့

ငါ့ရင်ဘတ်ကြီးကလွဲလို့ ဘယ်သူဘာသာပြန်နိုင်မှာမို့လဲ ။

လောကကြီးကမျက်နှာသာမပေးတဲ့ကြားက

ငါတိုကအရသာရှိအောင်နေခဲ့ကြတယ် ၊

မင်းရဲ့သံလိုက်ဓာတ်ကို ငါယုံပါတယ် ကေဇင်

စာလုံးပေါင်းအမှားတွေကိုဒီအတိုင်းထားလိုက်ပါတော့ ။

ဘာရယ်မဟုတ်

ရောက်တတ်ရာရာ ပြောဆိုခြင်းများနဲ့

ငါတို့ရဲ့အနာဂတ်ဟာ အခါးဓာတ်ကင်းစင်တော့မည်ဖြစ်ကြောင်း

မင်းကိုယ်စောင့်နတ်ကိုပြောမနေပါနဲ့တော့ ။

မင်းဟာ ငါ့ရဲ့ အရှိတရားပါ ကေဇင်

နှလုံးသားရဲ့ သယံဇာတတွေ တူးဖော်ရင်း

ဒို့(တို့) အိပ်မက်တွေရွှေအဆင်းနဲ့လင်းရအောင် ။ ။

ဒီလူ(တောင်တွင်းကြီး)

Sunday, October 21, 2012

ဝါးပြီး - ထွေးထုတ်

ခုတစ်လော ဘုတောချင်တဲ့စိတ်ကို

နေလှန်းပြီး ရေဖြန်းလိုက်တော့

ကျွန်တော်မသိတဲ့ အဓိပ္ပာယ်တွေနဲ့ ပေါက်ပြဲကုန်တယ်..၊

လူပြောများတဲ့ အမှန်တရား ဆိုတာ

ပလိုင်းပေါက်နဲ့ လိုက်ကောက်နေတဲ့ ဖားပဲ ...

သူပြောသလိုပဲ ကျွန်တော်ဟာ ကိုယ့်ထမင်းကိုစားပြီး

လူမုန်းခံတတ်တဲ့ကောင်...

အိပ်ဆေးသောက်ပြီး မျက်လုံးကြောင်နေတဲ့

ကြောင်တစ်ကောင်ကို ကြောင်တောင်တောင်ကြည့်ပြီး

ကြွက်တက်နေတဲ့ ခေတ်ကြီးထဲမှာ

ခလုတ်တိုက်လိုက် အိမ်မက် မက်လိုက်

ရေမရှိတဲ့ ချောင်းမှာ နှာခေါင်းဖော်လိုက်...

ဟိုဟာ လုပ်လိုက် ဒီဟာ လုပ်လိုက်နဲ့ပဲ

လူနဲ့တူတဲ့ သတ္တ၀ါတွေများလာတယ်... ။

ယမန်နှစ်က မိုးနဲရပ်ဝန်းမှာ ဒီနှစ် ရေတွေကြီးပြီး

လေတွေသေးသွားကြောင်း

ဟိုတစ်ယောက်ပြောတဲ့ ကောလဟာလထဲမှာကြားလိုက်ရတယ် ..။

ဒီလိုနဲ့ပဲ ဟိုးးးးးရှေးးရှေးးတုန်းကဆိုပြီး

ဒီခေတ်ကြီးအကြောင်း နောက်ခေတ်တစ်ခေတ်က

ပုံပြောပြလိုက် ပုံပြင်ပြန်ဖြစ်လိုက်နဲ့.... ။

ကိုယ့်ကိုကိုယ် အလေးပြုဖို့ မေ့နေကြတယ် ... ။   ။

                                          ဒီလူ(တောင်တွင်းကြီး)

Friday, October 5, 2012

* ဒီလူ ...ဆိုသည်မှာ *

ဒီလူကို တောင်တွင်းကြီးမဟုတ်တဲ့ မြို့တစ်မြို့မှာ စတွေ့ခဲ့တယ်၊
ဒီလူ လား ဟိုလူ လား သံသယမကင်းဖြစ်ကြသေးတယ် ၊
ဒီလူ က ဂေါ်လီအထာနဲ့  လိုင်းကားတိုးစီးတယ် ၊
ဒီလူ က ဒေးလ်ကာနက်ဂျီ နဲ့လဲ မျက်နှာကြောမတည့်ဘူး
သခင်ကိုယ်တော်မှိုင်းကိုလဲမမှီလိုက်ဘူးပြောတာပဲ ။

ဒီလူ က ကဗျာတွေကို ဘီယာနဲ့မှားမှားသောက်တယ် ၊
ဒီလူ က မနက်ဖြန်တွေထဲကို အချိန်မသိပဲခုန်ခုန်ချတယ် ၊
ဒီလူ က ရင်ဘတ်ထဲကမပါတဲ့ စကားတွေကိုကန်ကန်ထုတ်တယ် ၊
ဒီလူ က သူ့ကိုယ်သူ တောင်တွင်းကြီးသားဖြစ်တယ်ဆိုပြီး လေပေါ်ကို
မိနစ်(၂၀)လောက်ခုန်တက်သွားသေးတယ် ။

တစ်ခါကလဲပေါ်ပင်တွေလုပ်မိလို့ဆိုပြီး (၁)လလောက်ကိုယ့်ကိုကိုယ်သတ်သေသွားတယ်ဆိုလားပဲ ။

သူက ဒီလူ ဖြစ်ကြောင်း ဒီနေ့ သတင်းစာထဲမှာမပါလာဘူး.. ။

အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံစာမရှိဘူး  ။

အိမ်ထောင်စုဇယားအသစ် မလုပ်ရသေးဘူး ။

နိုင်ငံရေး နဲ့ ကဗျာ အကြောင်းကောင်းကောင်းမသိဘူး ။

ချလ်ဆီးအသင်း ချန်ပီယံလိဂ် ဖလားရတဲ့နေ့ကအိပ်ရေးမ၀တဲ့ ဒီလူ ၊
အမေစု လွပ်လာတဲ့နေ့က မျက်နှာမသစ်ဖြစ်တဲ့ ဒီလူ ၊
အဲ့ဒီ ဒီလူက ရခိုင်အရေး ကိုတောက်ခေါက်မိလို့ လျှာပြတ်သွားသေးတယ် ။

ဒီလူ ဆိုတဲ့ကောင်က ဒီစကားတွေပြောရတာ ဒီနေ့အတွက်ဖီးလ်တက်တယ်ပြောပြီး
ကိုယ်ရောင်ဖျောက်သွားတာပြန်မတွေ့ရတော့ဘူး ။

ဒီလူ ဆိုတာ ခင်ဗျားလား / ကျွန်တော်လား / မင်းလား / ငါလား သေချာမသိပေမဲ့
ဒီစကားလုံးတွေကို ဒီလူသွန်ချခဲ့လိုက်တယ် ။  ။

                                                               ဒီလူ(တောင်တွင်းကြီး)