မှားလို့ကောင်းတဲ့အသက်အရွယ်ဆိုတော့
ဘယ်ပစ်မှတ်ဖြစ်ဖြစ်ထိတယ်
အကြောင်းတရားမရွေးလောင်တယ်
အချိန်အခါမရွေး နက်တယ်
နောင်မှတော့ဘယ်အဓိပ္ပာယ်မှ တ မနေတော့ဘူး။
စာရိတ္တ နဲ့ စိတ္တဇမသဲကွဲတဲ့ညကို
ဘာကိစ္စနဲ့လင်းမလဲပြော
ဘယ်လိုချိုးချိုးမကျိုးတဲ့စိတ်နဲ့
ဘယ်နားနေနေမသေတဲ့နမိတ်နဲ့
ကိုယ့်ပြသနာကိုပြန်ရှာနေရ
ကိုယ့်အရိပ်ကိုလိုက်နင်းနေကြ။
မရည်ပဲရွယ်ထားတဲ့မျက်တွင်းနက်နက်တွေ
မဖုံးပဲဖိထားတဲ့အသိတရားတွေ
ငါတို့ရှိနေတဲ့ခေတ်ကြီးက
ငါတို့မသိတဲ့ဇစ်ကြီးပွင့်လို့။
ဆောင်းကဆောင်းမဟုတ်
နွေကနွေမဟုတ်
မိုးကမိုးမဟုတ်နဲ့
သဘာဝတွေလဲခေါင်
ပကာသနတွေနဲ့ကြောင်
အစိုးမရတဲ့ကတိုးခတွေ။
မျိုးချစ်စိတ်ဟောင်းလောင်းကြီးနဲ့
ပွင့်တဲ့ပန်းတွေ
ဘယ်နေရာလျှောက်လျှောက်
မပျောက်တဲ့ ချောက် တွေ
မလင်းတာကလွဲရင်မှောင်တယ်
မရှင်းတာကလွဲရင်ကြောင်တယ်။
ပြင်ဖို့ညာနေတဲ့ပညာရေးနဲ့
ခေတ်နောက်ကျနေတဲ့အမှန်တရား
ဘယ်အချိန်စားစားခါးတယ်
ဘယ်နားနေနေသေတယ်
ဘယ်လိုထူးထူးရူးတယ်။
ဝါဒမတူရင်ခါချချင်တဲ့ဆိုင်းဘုတ်တွေ
စောက်ရေးမပါရင်တော့စောက်ရာမပေးနိုင်ဘူး
စောက်ပြဿနာပဲ။
မှားလို့ကောင်းတဲ့အသက်အရွယ်ဆိုတော့
ပြောချင်တာပြောတယ်
စောက်ကြီးစောက်ကျယ်
မြင်ချင်သလိုမြင်တယ်
စောက်ကြီးစောက်ကျယ်။ ။
ဒီလူ(တောင်တွင်းကြီး)လမ်း-စာပေအနုပညာမှ
No comments:
Post a Comment
လာကြည့်ပြီးတစ်ခုခုဝေဖန်ခဲ့ပေးပါ...