ကျွန်တော်မသိချင်သောအရာများကိုသိချင်နေပါသဖြင့် စိတ်တစ်ခြမ်းလေပြီး ခေါင်းတစ်ပိုင်းကိုက်နေသောသင့်အား
သားကျွေးမူမယားကျွေးမူ များမြောင်လှစွာသော လူတွေနေတဲ့အတ္တအဆိုင်အခဲများ တည်ရှိကုန်သော တစ်ဆက်တစ်စပ်တည်း
မမေနိုင်မပန်းနိုင် စီးဆင်း ကောက်ကွေ့ အငွေ့ပျံလွယ်သော မှုံဝါးဝါး ကြည်လင်ပြတ်သားလှစွာသော ၀ါကျ အကျိုးအကြေများနှင့်
အဆင်တန်ဆာမဲ့ ထုပ်ပိုး ရိုက်ပုတ်လိုက်သည် ။
...... ကျန်းမာတော် မူပါစ ......
သင်မရိတ်မိခင်မှာ သင့်ကိုရိတ်သိမ်းသွားသော အသစ်အသစ်တွေကို လိုက်ရှာလိုက်ပါ ကိုယ့်ဆရာ.။
...... လူ လူချင်း လူမထင်ပါ .....
ပြောရင်းဆိုရင်း တနင်္ဂနွေရဲ့ အရိပ်ကိုကြောင်ကုတ်သွားတယ်..ဖြန့်ခင်းထားတဲ့သမိုင်းအတွန့်အကြေတွေကြား အိပ်ရေးမ၀တဲ့
မျက်တွင်းဟောက်ပက်တွေပြုတ်ကြ..။
...... သတိ - ခွေးကိုက်တတ်သည် .....
သဘောတရားအတုအယောင်တွေနဲ့ စိတ်ဓါတ် အပုတ်အသိုးများအား ကျကျနန ထုပ်ပိုးသိမ်းဆည်းထားစေချင်ကြောင်း
သတင်းကောင်းပါးလိုက်ပါသည် ။
...... အိပ်မက်လှလှ မက်ပါစေ .......
ခေတ်ထဲမှာ ခေတ်ထသွားတုန်းက မ၀ တ၀ မျက်နှာပေးနဲ့ လှလို့ပလို့ .. ဖိုးလမင်းလဲ သနပ်ခါးနံ့ သင်းတယ် ။
ကောင်းကင်ကအလင်းတန်းကြီးမြေကြီးပေါ်ထိုးကြသွားတိုင်းကြယ်ကြွေတယ်မထင်နဲ့လေ..မနေ့ကပဲ
အိပ်ယာဝင်ပုံပြင်တွေထဲ ခင်ဗျား ခေါက်သိမ်းခံထိတယ်မဟုတ်လား ၊ ကမ္ဘာကြီးပူနွေးလာတဲ့အဓိက တရားခံထဲမှာ...
ကျုပ်ကော ခင်ဗျားကော အားလုံးသော ခင်ဗျားးးးးးး ကျွန်တော် ကျွန်မ မောင်ဘယ်သူ မဘယ်သူ ဘယ်ဝါ အကုန်လုံး
အကျုံးဝင်တယ်။
ကောင်းမှု့ထက် မကောင်းမူနဲ့ ကမ္ဘာကျော်ဖို့က ပိုခက်တယ်... ဟစ်တလာ ကိုမေးမေး ဘင်လာဒင်ကို
မေးမေးးးးးးးးး ကဒါဖီကိုမေးမေးးး နောက်ဆုံး ကျုပ်တို့မြန်မာပြည်က ဟိုအကောင်ကြီးကိုပဲမေးမေးပေါ့ ....။
....... ယနေ့နေသာသည် ......
....... လူလူချင်း လူမထင်ပါ ....
.......သတိ-ခွေးကိုက်တတ်သည်......
.......မျဉ်းကြားမှကူးပါ.....
.... မီးလောင်လွယ်သည် ....
အိပ်မက်ကြီးလှလှပပ မက်ပါစေ... ။ ။
ဒီလူ(တောင်တွင်းကြီး)

No comments:
Post a Comment
လာကြည့်ပြီးတစ်ခုခုဝေဖန်ခဲ့ပေးပါ...