ခုတလောသတိမရစရာတွေ
မေ့မေ့နေတယ်...
မနေ့ကစားသုံးခဲ့တဲ့ညတွေ
ဒီနေ့ဘာအရသာရှိမှန်းမသိတော့ဘူး
မနက်ခင်းတစ်ခုတတော့မိန့်မိန့်ကြီးပြုံးလို့
ပြုံးမနေနဲ့မနက်ခင်းရေ ...
မင်းလဲမကြာခင်အတိတ်ဖြစ်တော့မယ်ဆိုတာသိထား
ဘာပဲပြောပြော
ငါကတော့ အတိတ်ထက် အနာဂတ်ကို ပိုရင်ခုန်တယ်
အရှုံး နဲ့ အမုန်း ဘယ်ဟာပိုခါးလဲမမေးနဲ့
ငါ့မှာလုံလောက်တဲ့သက်သေပြချက်မရှိဘူး
ဟော ဘယ်လိုဖြစ်တာလဲ
ဒီနေ့မှဒီနေ့ကမနေ့ကထက်ပိုသာယာပြနေတယ်
ဘာမှမသိချင်ပါဘူးဆို
ငါ့ကဗျာက ဘာတွေလာလာပြောနေမှန်းမသိဘူး
ဟိုက် ခုမှသတိထားမိတယ်...
စကားလုံးအဟောင်းတွေက ဟိုချောင်ကပ်ဒီချောင်ကပ်
ရှာတွေ့ခဲ့သမျှ ဝေါဟာရ တွေလဲဖုံအထပ်ထပ်
မနေ့ကစကားလုံးတွေ ဒီနေ့သစ်မှမသစ်တော့ပဲ
ဘာပဲဖြစ်ဖြစ် နောက်နေ့မတိုင်ခင်
ငါ့ အသုံးအနှုန်းတွေ သစ်လွင်ပြီး
ဒီနေ့စာတော့ တောက်ပနေအုန်းမယ်ထင်ရဲ့
ဘယ်တတ်နိုင်မလဲ
လက်လှမ်းမှီသမျှဝေါဟာရတွေသွန်ချ
ဒါကဗျာကွ လို့ပဲပြောရတော့မှာပေါ့ ။ ။
ဒီလူ(တောင်တွင်းကြီး)
မှတ်ချက် ။ ။ အလုပ်ကလေးနဲနဲများချင်ယောင်ဆောင်နေတာနဲ့ဖော်အဲဗားရွှာထဲလဲသိပ်မရောက်ဖြစ်
ကဗျာတွေရေးဖို့ကျတော့လဲ စကားလုံးတွေတုတူပုန်းနေတာနဲ့
အားသလိုလိုရှိတဲ့ဒီနေ့လေးမှာလက်လှမ်းမှီသမျှဝေါဟာလေးတွေကိုအတင်းလိုက်ဖမ်းပြီး
တင်ဆက်လိုက်တယ်...
ဒါ ကဗျာကွ!!!
ဒါ ကဗျာကွ!!!
ဒါကိုကဗျာလို့ပြောတယ်
ငါ့မှာသက်သေပြစရာမရှိဘူးးးးးးး
သူငယ်ချင်းအားလုံးကိုလေးစားချစ်ခင်လျှက်
ဒီလူ(တောင်တွင်းကြီး)
No comments:
Post a Comment
လာကြည့်ပြီးတစ်ခုခုဝေဖန်ခဲ့ပေးပါ...