Pages

Monday, October 24, 2011

♥ဝေးချင်း♥နီးချင်း♥လွမ်းချင်း♥ကဗျာ♥

နှစ်ကိုယ်တူရှိ
ပီတိအပြုံး ၊ မဆုံးသေးခင်
အချိန်ကုန်မြန် ၊ နာရီသံအား
မကြား ၊ မမြင်
ဆွံ့အချင်လဲ
အံတုမရ ၊ သဘာဝမို့
ခေတ္တခဏ ၊ လမ်းခွဲမယ် ... ။

ဝေးချင်း ၊ နီးချင်း
လွမ်းချင်းကဗျာ
သီကုံးရေးစပ်
ရင်ချင်းထပ်လျှက်
အပြုံးမပျက် ၊ ဆက်ချစ်မယ် ...။

သူမရှိခဏ
နေမရလို့
တစ်သက်ငါ့ဘေး ၊ သူရှိဖို့အရေး
ကြိုးစားရုန်းကန် ၊ မနက်ဖြန်မှာ
မနေ့ကထက် ၊ နီးခဲ့ပြီ ... ။   ။

ဒီလူ(တောင်တွင်းကြီး)

No comments:

Post a Comment

လာကြည့်ပြီးတစ်ခုခုဝေဖန်ခဲ့ပေးပါ...