Pages

Monday, October 24, 2011

ငါ့နှလုံးသားကိုငါမထွန်းညှိနိုင်သေးသရွှေ့

ငါ မဖြစ်ချင်တဲ့ စိတ်တွေ

ငါ့ မှာဖြစ်လို့

ရာသီတွေလဲဟောင်းခဲ့ပြီ။


စိတ်ကို

ကြယ်သီးအပြည့်တပ်မထားမိတဲ့

နေ့ရက်တွေမှာပေါ့။


မသေအောင်စိုက်ပျိုးရင်း

မသေမရှင်တွေနဲ့

သေသလိုဖြစ်ခဲ့ရတယ်။


နေ့စဉ်ဘ၀မှတ်တမ်းတွေလဲ

အထားအသိုမှားယွင်းခဲ့တယ်။


ကျွန်တော်အိပ်မက်က

နေရောင်စူးရှနေခိုက်မှာ

သူ့အိပ်မက်က

ရွှေရောင်တောက်ပနေရဲ့။


ရှင်သန်ခြင်းက

မနက်ဖြန်လောက်ကိုတောင်

အတွေးမရောက်တော့ဘူး။


အတိတ်ကိုပြန်ဖွင့်ကြည့်မိတော့

မှိုကပ်နေတဲ့အရိပ်တွေပဲတွေ့တယ်။


ဟောဒီမှာ.......

ကဗျာတစ်ပုဒ်

ကောက်ရတာမဟုတ်ပါ

ကျွန်တော်ကိုယ်တိုင်ကဗျာတစ်ပုဒ် ပစ်ချထားခဲ့ခြင်းသာ

လေနှင်ရာလွင့်ပါးသွားစေသားးးးးးးးးးး ။ ။


ဒီလူ(တောင်တွင်းကြီး)

No comments:

Post a Comment

လာကြည့်ပြီးတစ်ခုခုဝေဖန်ခဲ့ပေးပါ...