Pages

Sunday, August 23, 2015

အချီအခ ၃၁



ဘယ်သူ

ဟစ်အော်ရေတွက် အချက်ပေးနေတာလဲ

ဘီယာခွက်ထဲက

ငြင်းခုန်သံတွေ...

ငွေများလို့နိုင်တဲ့ တရားတွေ/မတရားတွေ

ကမ္ဘာဦးစည်းမျဉ်းတွေ

ခေတ်ပေါ်ရောဂါတွေ

ဘာရယ်မဟုတ်ပဲ

လောကကြီးရဲ့ စီးဆင်းသံကို ငါ နားစိုက်နေမိတယ်

ဘာရယ်မဟုတ်ပဲ

ရာသီဥတုတွေတစ်ခုပြီးတစ်ခုလွတ်ထွက်သွားတယ်

ကိုယ့်ဒုက္ခနဲ့ကိုယ်လှတယ်

စိတ်ကို Play လိုက်

Enter ခေါက် လိုက်

Delete လုပ်လိုက်

နေတတ်လိုက် ကျေနပ်လိုက်နဲ့

ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ

ဘယ်လောက်ပေးပြီး ဘယ်လောက်ပြန်ရလိုက်သလဲ

မဖြစ်သေးတဲ့အိပ်မက်ကဖြစ်ဖြစ်မြည်လို့

လှလှပပခါးတယ်

တူးတူးခါးခါးပျော်တယ်

ဟောဒီ ၃၁ ကြိမ်မြောက်ဝှက်ဖဲကို

ဘယ် လက် နဲ့ကောက်လှန်လိုက်တယ် ။ ။

ဒီလူ(တောင်တွင်းကြီး)

April28 2015


No comments:

Post a Comment

လာကြည့်ပြီးတစ်ခုခုဝေဖန်ခဲ့ပေးပါ...