Pages

Tuesday, August 21, 2012

ရူးးး


ခင်ဗျားကျုပ်ကိုဘယ်လိုနားလည်လဲ

အပိုအလိုမရှိပြောရရင်... မပြောတော့ဘူး

သူလဲ.....သူမသိ
ငါလဲ......ငါမသိ
ဘုမသိ....ဘမသိနဲ့
မိမရှိ.....ဖမရှိ
စကားလုံးတွေကိုပဲ
လုပ်ချင်သလိုလုပ်
လှန်လိုလှန်....မှောက်လိုမှောက်
ခင်ဗျား မပေါက်သရွှေ့တော့
ဒီကဗျာ ...ဟာသ..ပဲ

ဘာရမလဲတော့မသိဘူး
ငါကွ..ငါကွ..အော်နေတဲ့ဆရာကောင်တွေ
လက်လုပ်လက်စား..ဗလာကောင်တွေ
တနေ့လုပ်တစ်သက်စား...မသာကောင်တွေ

ငါက..ငါယောင်ဆောင်တဲ့တစ်နေ့
ကဗျာက..ကဗျာယောင်ဆောင်တဲ့တစ်နေ့
လှလှပပကြီး..ငိုချင်ယောင်ဆောင်မယ်..။ ။

                                                         ဒီလူ(တောင်တွင်းကြီး)

No comments:

Post a Comment

လာကြည့်ပြီးတစ်ခုခုဝေဖန်ခဲ့ပေးပါ...