Pages
▼
*#* ၁၅၀၀ error *#*
- ခေါင်းစားတယ်...
- ပတ်သက်ဖူးသမျှ၁၅၀၀တွေလဲ
- error တွေပဲပြပြနေတယ်
- ၅၂၈ ကလည်းအနားမှာမရှိဘူး၊
- ကိုယ်စောင့်နတ်ကလည်းအိပ်ယာမထသေးဘူး
- နှလုံးသား folder လည်း virus ကိုက်သွားပြီ
- သက်ပျင်းတွေပဲချချနေရတယ်...
- ကဗျာကောင်းကောင်းတစ်ပုဒ်ရေးဖို့
- ဦးနှောက်နဲ့ရင်ဘတ်ကို
- Network မချိတ်ရသေးဘူး
- ဒိတ်အောက်နေတဲ့ငါ့ရင်ဘတ်ကြီးကိုလည်း
- update ပြန်လုပ်ရအုန်းမယ်...
- သိုးရေခြုံတဲ့ဝံပုလွေတွေငါ့နားမလာနဲ့
- အနာဂတ်ကိုကြည့်ဖို့
- ပစ္စုပန်ကိုမျက်မှန်တတ်ပေးလိုက်ပြီ
- ဒီကဗျာ ဒီမှာပဲ ပုဒ်မချလိုက်ပြီ ။ ။
- ဒီလူ(တောင်တွင်းကြီး)
No comments:
Post a Comment
လာကြည့်ပြီးတစ်ခုခုဝေဖန်ခဲ့ပေးပါ...