Pages

Wednesday, October 26, 2011

*#* မှတ်ချက် *#*

မှတ်ချက်

ကဗျာထဲကိုဝင်မလာရ

လမ်းလွဲမှာမောင်းပါ...

ဒီအတိုင်းမထားခဲ့ပါနှင့်

အတိတ်တွေကိုခေါက်ပြီးသိမ်းထားရတာ

ပျင်းခြောက်ခြောက်နဲ့...

မှတ်ချက်

အယူဝါဒကြိုးတွေနဲ့မချဉ်နှောင်ပါနဲ့

မျက်နှာလွှဲပြီးခဲနဲ့ပစ်မှတော့ဘယ်သူ့မှန်မှန်ပေါ့

ဒုတ်ထိုးအိုးပေါက်ကိုယ်ကျင့်တရားတွေ

ဘယ်ရောက်သွားပြီလဲ

ခင်ဗျားတို့မကောင်းဆိုးရွှားကိုမြင်ဘူးကြလား

မမြင်ဘူးရင်ရှေ့ကအခန်းထဲဝင်ကြည့်လိုက်

မကောင်းဆိုးရွှားတွေရဲ့မကောင်းကြောင်းကို

ရှင်းပြနေတယ်...။   ။

ဒီလူ(တောင်တွင်းကြီး)

No comments:

Post a Comment

လာကြည့်ပြီးတစ်ခုခုဝေဖန်ခဲ့ပေးပါ...